Skip to main content

ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ ကျင်းပ

ရန်ကုန် မေ ၁

ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ပြည်ထောင် စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများ အရှိန်အဟုန်မပျက်စေရေး အဓိက တိုက်တွန်း အမှာစကား ပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံဆောင် ရွက်လျက် ရှိသော လုပ်ငန်းပိုင်းဆိုင်ရာများကို တင်ပြဆွေးနွေးသည်။

 

ယင်းနောက် တွေ့ဆုံပွဲ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေ အရာရှိများက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု  ရှေ့နေချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး    ဥပဒေအရာရှိများအတွက် ဒေသထွက် လက်ဆောင် စိန်တစ်လုံးသရက်သီးများကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ထံ ပေးအပ်သည်။

 

(သတင်းစဉ်)