Skip to main content

လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များအတွင်းရှိ ကျေးရွာ ရပ်ကွက် အချို့တို့မှ ဒေသခံပြည်သူများကို ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်

 

နေပြည်တော် ဧပြီ ၂၄

 

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့်ဒေသခံပြည်သူ များ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက်လိုက်လံပေးဝေလှူဒါန်း လျက်ရှိသည်။

 

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိဒိုင်းစုရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်၊ အမှတ် (၁၈)ရပ်ကွက်၊ အမှတ်(၂၀)ရပ်ကွက်၊ ရွှေပြည်သာ မြို့နယ်အတွင်းရှိ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၃) ရပ်ကွက်နှင့် အမှတ်(၂၀) ရပ်ကွက်များရှိ အိမ်ထောင်စု စုစုပေါင်း ၁၄၆၃၃ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

အလားတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း ၃၅၀ တို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော် သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်