Skip to main content

ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့မှ ဒေသခံပြည်သူများနှင့် ပုသိမ်မြို့၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများစောင့်ရှောက်ရေး ကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဧပြီ ၁၉ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက် နေ့စဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စု ၃၀၀၀ စုတို့အတွက် ဆန်၊ ဆီ၊ ပဲ များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော် သားများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြ သည်။ အလားတူ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုးနှင့် စားသောက်ဖွယ်ရာများအား ယနေ့တွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်