နေပြည်တော် ဧပြီ ၁၉
ဧပြီလ ၉ ရက်တွင် ဖြစ်ပွားခဲ့သော ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း အတား အဆီးများအား လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဖယ်ရှားရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူများ က ရန်ပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ၁၀-၄-၂၀၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖြစ်စဉ်သတင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ယင်းဖြစ်စဉ်များတွင် ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင် ဆူပူအကြမ်းဖက်သူများက လက်လုပ်သေနတ်များ၊ ကျည်စစ်ကျည်မှန်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လေးနှင့်မြှားများ၊ လေးဂွများ၊ ဂျင်ဂလိများ၊ လက်လုပ်ဒိုင်းများ အစရှိသော တရားမဝင် အကြမ်းဖက်လက်နက်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်းများအတိုင်း ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုများအား ထိန်းသိမ်းဆောင်ရွက် ရာတွင် ပစ်ခတ်မှုကြောင့် သေဆုံးမှုများရှိလာပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ သေမှုသေခင်းဖွင့်ပြီး စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်လျက်ရှိသလို သေဆုံး သူအလောင်းများ (Dead Bodies) အား မြှုပ်နှံသင်္ဂြိုဟ်ပြီးသည်အထိ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကာ သေဆုံးသူတိုင်း၏ မှုခင်းဆိုင်ရာ မှတ်တမ်းများအား စနစ်တကျထိန်းသိမ်းထားရှိပါသည်။
ဧပြီလ ၉ ရက်၊ ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စနစ်တကျ မှတ်တမ်း တင်ထားသော စာရင်းများအရ ဆူပူအကြမ်းဖက်သူများဖက်မှ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၄ ဦး သေဆုံးခဲ့ကာ အကြမ်းဖက်သူ အမျိုးသား ၃၆ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ ဆူပူအကြမ်းဖက်သူများ၏ အကြမ်းဖက်လက်နက်များ၊ ကျည်စစ်ကျည်မှန်များဖြင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
သို့ရာတွင် ပဲခူးဖြစ်စဉ်များနှင့်ပတ်သက်၍ သေဆုံးသူအရေအတွက်အား လူမှု ကွန်ရက်ပေါ်တွင် အခြေအမြစ် မရှိသော သတင်းတု၊ သတင်းအမှားများ ရေးသားခဲ့သဖြင့် သေဆုံးသူအရေအတွက်များ အဆမတန်ဖောင်းပွနေပြီး ထိုသတင်းများကို အခြေခံ၍ ထိုင်းနိုင်ငံအခြေစိုက် တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပဲခူးဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဆန္ဒပြ သူသေဆုံးသည့် အရေအတွက်အား ၈၂ ဦးအထိ ဖော်ပြခဲ့ ပါသည်။ AAPP မှ ဖော်ပြထားသောစာရင်းတွင် ၇၆ ဦးမှာ အမည်အပါအဝင် မည်သည့် ကိုယ်ရေးအချက်အလက်မှ မပါဝင်ဘဲ အရေအတွက်ကိုသာ ဖော်ပြထားကြောင်း တွေ့ရှိ ရသဖြင့် သေဆုံးသည်ဟု အတည်မပြုနိုင်သောသူများသာဖြစ်ကြောင်း တွေ့ရှိရပါသည်။
စိစစ်ချက်များအရလည်း အမှန်တကယ်သေဆုံးသူမှာ ၄ ဦးသာဖြစ်သဖြင့် လူမှု ကွန်ရက်များတွင် ဖော်ပြနေသည့် အခြေအမြစ်မရှိသော သတင်းအမှားများအား အတည်မပြုနိုင်ကြောင်း တွေ့ရပါသည်။ အမှန်တကယ် သေဆုံး မှုများရှိပါက ဥပဒေအရ သက်ဆိုင်ရာသို့ အလောင်းအပ်နှံပြီး သေမှုသေခင်းဖွင့်ကာ သေဆုံးသည့် အကြောင်း အရာကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ရမည်ဖြစ်သည့်အတွက် AAPP မှ ထုတ်ပြန်သော အဆိုပါ သေဆုံးမှုအရေအတွက်သည် အခြေအမြစ်မရှိသော စွပ်စွဲချက်သာ ဖြစ်ပါသည်။
အခြားဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ ဖြစ်ပွားခဲ့သည့် သေဆုံးမှုဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နှင်းရေးလက်နက်များဖြင့် ပစ်ခတ်မှုကြောင့် မဟုတ်ပဲ ဆူပူအကြမ်းဖက်သူများအချင်းချင်း ပစ်ခတ် မှုကြောင့်သေဆုံးခြင်းနှင့် အခြား နည်းလမ်းဖြစ်သည့် ဆူပူအကြမ်းဖက်သူများက အပြစ်မဲ့ပြည်သူများကို အကြောင်း မဲ့ သတ်ဖြတ်ခြင်းများလည်း ရှိခဲ့ပါသည်။ သို့ဖြစ်၍ ပဲခူးဖြစ်စဉ်တွင်လည်း အလားတူ အခြေအနေ မျိုးများ ရှိနိုင်ပြီး ဆူပူအကြမ်းဖက်သူများက ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက်ခြင်းမရှိစေရန် ကွယ်ဝှက် ထားသည့် အခြေအနေများရှိနိုင်ကြောင်း တွေ့ရှိရ ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်းနှိမ်နှင်းရေးလုပ်ငန်းစဉ်များအတိုင်း အကြမ်းဖက်သမားများကိုသာ အကန့်အသတ်ဖြင့် တုန့်ပြန်ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အ နေဖြင့် သေမှုသေခင်း ဖွင့်၍ စနစ်တကျမှတ်တမ်းတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်