Skip to main content

သင်္ကြန်အတက်နေ့ တာချီလိတ်မြို့နယ်ရှိ ရေချောင်းများတွင် အပန်းဖြေအနားယူသူများနှင့် ရေကစား သူများဖြင့် စည်ကား

တာချီလိတ် ဧပြီ ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ ရေချောင်း များတွင် ယနေ့ (ဧပြီ ၁၆ ရက်) သင်္ကြန်အတက်နေ့၌ စိတ်အေး ချမ်းသာစွာ အပန်းဖြေအနားယူ သူများ၊ ရေကစားသူများဖြင့် စည်ကား လျက်ရှိသည်ကို တွေ့ရ သည်။
တာချီလိတ် မြို့နယ်တွင် နှစ်စဉ် မယ်ဟုတ်ရေချောင်း၊ ပုန်းထွန်ရေချောင်း၊ မယ်ခေါင် ရေဆိပ်တို့၌ ဈေးရောင်းသူများ၊ ပျော်ရွှင်စွာ ရေကစားသူများ၊ အပန်းဖြေ အနားယူသူများဖြင့်စည်ကားခဲ့ရာ ယခုနှစ် သင်္ကြန်ကာလတွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်မြို့ရှိ ရေချောင်းများ တွင်လည်း ပျော်ရွှင်စွာ အနာယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဝေဖြိုးလေး(တာချီလိတ်)