Skip to main content

နိုင်ငံတော်စီမံအု်ပချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ပြောကြားသည့် ၁၃၈၃ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်း ဆက် မင်္ဂလာစကားများ

နိုင်ငံတော်စီမံအု်ပချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ပြောကြားသည့် ၁၃၈၃ ခုနှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်း ဆက် မင်္ဂလာစကားများ

မန်းငြိမ်းမောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဒီနှစ်သစ် ကူးမှာ ကျွန်တော် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်  ခင်ဗျာ။ ကျွန်တော် ပထမဆုံးပြောချင် တာ ကတော့ နှစ်သစ်အခါရောက်တဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ဦးနဲ့တစ်ဦး တစ်တိုင်း ပြည် လုံး အမုန်းတရားတွေ ကွယ်ပျောက်ပြီး မေတ္တာမိုးတွေ သွန်းဖြိုးရောက်ရှိပါစေလို့ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ ပြောချင်တာ က ကျွန်တော်တို့တိုင်းပြည်ဟာ ပဋိပက္ခနွံထဲမှာ  နှစ်ပေါင်း ၇၀ ကျော် နစ်နေတဲ့ တိုင်းပြည်တစ်ပြည်အနေနဲ့ ပဋိပက္ခနွံထဲက ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ အင်အားစုတွေအားလုံး၊ ပုဂ္ဂိုလ်တွေအားလုံး၊ ခေါင်းဆောင်တွေအားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့တိုင်းပြည်တည်ငြိမ်ဖို့၊ အေးချမ်း ဖို့၊ လုံခြုံဖို့ အားလုံးမှာ တာဝန်ရှိကြတဲ့အတွက် တိုင်းပြည်ရဲ့ မျက်နှာ၊ ပြည်သူရဲ့ မျက်နှာကို ထောက်ထား ပြီးတော့ နှိမ့်နှိမ့်ချချစိတ်ထားနဲ့ ကျွန်တော် တို့အားလုံးမေတ္တာတရားရှေ့ထားပြီး ပဋိပက္ခနွံထဲက အကုန်လုံး ကိုယ်စီကိုယ်ငှ တာဝန်ယူပြီးတော့ ရုန်းထွက်ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ပါ တယ်။

 

ဦးသိန်းညွန့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်
တိုင်းပြည်ဟာ ဆိုဗီယက်ယူနီယံလို၊ယူဂိုဆလပ် သမ္မတနိုင်ငံလို ပြိုကွဲသွားမယ့် အခြေအနေမျိုး ရောက်ခဲ့ ပြီးတော့၊ ပြီးရင် အီရတ်တို့၊ လစ်ဗျားတို့လို မဆုံးနိုင်တဲ့ အကြမ်းဖက်စစ်ပွဲတွေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ် ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာ့ တပ်မတော် ဟာ မြန်မာသက္ကရာဇ် ၁၃၈၂ခုနှစ် မှာ တိုင်းပြည်ကို ကယ်တင်ခဲ့တယ်။
အဲဒီအပြင် တိုင်းပြည်ရဲ့ ဆင်းရဲတွင်းကနေ ငရဲ တွင်းရောက်ပြီးတော့ ကျဆုံးမယ့် နိုင်ငံဖြစ်ဖို့ အခြေ အနေမှာ ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်အရည် အချင်းရှိတဲ့ ခေါင်းဆောင်မှု၊ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် ခေါင်းဆောင်မှုလိုအပ်လာ တဲ့ အချက်တွေကို ဖြည့်စွက်နိုင်တဲ့အတွက် တိုင်းပြည်ဟာ အဆိုးထဲက အကောင်းတွေဖြစ်လာပါပြီ။ ဒါကြောင့် ဘယ်သူတွေ ဘာပြောပြော ဒီနေ့မြန်မာ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေဟာ သမိုင်းမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုမှတ်တမ်းတင်ခံရမှာပဲ။ ။
ပြည်သူလူထုကလည်း မကြာခင်အချိန်အတွင်း မှာ ဘယ်သူကတိုင်းပြည်အတွက် လုပ်တယ်။ လူထု အတွက်လုပ်တယ်ဆိုတာ သိရမယ့်အချိန်ရောက်လာ ပါလိမ့်မယ်။ ဘယ်သူတွေ ဘာပြောပြော၊ ဘယ်လိုပဲ လုပ်ကြံဖန်တီးမှုတွေနဲ့ စွပ်စွဲ၊ စွပ်စွဲ တိုင်းပြည်အတွက် ဘယ်သူတွေက အလုပ်လုပ်ခဲ့တယ်။ တိုင်းပြည်
ကောင်းရာ ကောင်းကျိုးကို ဘယ်ခေါင်းဆောင်က လုပ်ခဲ့တယ်ဆိုတာကို မကြာခင်အချိန်အတွင်းမှာ ( အဖြေပေးပါလိမ့်မယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခေါင်းဆောင်မှုနဲ့ မြန်မာနိုင်ငံကိုအခုလို အလှည့် အပြောင်းလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ဟာ အင်မတန်မှကံကြမ္မာကောင်းနဲ့ ကြုံခဲ့ ရခြင်းဖြစ်ပါတယ်။
ဒီကံကြမ္မာကောင်းကို မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှာ အားလုံးက မြင်တွေ့ရပါလိမ့်မယ်။ အဲဒီ အတွက် ဒီနှစ်သစ်မှာ ပြောချင်တဲ့အချက်က တစ်ချက်တည်းပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကောင်းဆုံး အခြေအနေကို ရောက်နိုင်ဖို့၊ တိုင်းသူ ပြည်သားတိုင်း အနာဂတ် မျှော်လင့်ချက်ရှိဖို့ဆိုရင် ကျွန်တော်တို့ အားလုံးဟာ ဒီနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ခေါင်းဆောင်မှုအောက် ကနေတိုင်းပြည်ရဲ့ သမိုင်းတစ်ခေတ်ကို ရေးထိုးကြဖို့ အတွက် အဆင်သင့်ရှိဖို့လိုကြောင်း ပြောကြားရင်းနဲ့ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဦးခင်မောင်ဆွေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်

အားလုံးမင်္ဂလာပါခင်ဗျာ။ အားလုံးသော ပြည်သူများ ကျန်းမာပကတိ ချမ်းသာစွာရှိပြီး ယခု ကျရောက် နေတဲ့ ကိုဗစ်ရောဂါအန္တရာယ်မှလည်း ကင်းဝေးပြီးတော့ ငြိမ်းချမ်းသာယာတဲ့ မြန်မာ့ လူ့ဘောင်ကြီးမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြ ပါစေလို့ နှစ်သစ်ကူးမှာ အထူးပဲ ဆုတောင်းမေတ္တာ ပို့သပါတယ် ခင်ဗျာ။
ကျွန်တော်တို့ရဲ့ နိုင်ငံရေးနယ်ပယ်မှာ ဆိုရိုး စကားတစ်ခုရှိပါတယ်။ အဲဒါကတော့ ပါတီနိုင်ငံရေး ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲတစ်ခု အနိုင်ရ ရေးကို ဦးစားပေး စဉ်းစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံကိုချစ်တဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ အနာဂတ်မျိုးဆက်တွေ ကောင်းစားရေးကို ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာကို စဉ်းစားဆောင်ရွက်ပေးလေ့ရှိတယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။
မိဘပြည်သူများခင်ဗျာ။ ကျွန်တော်တို့တစ်တွေ ပြည်သူတွေဟာ ကျွန်တော်တို့ကို ချစ်တဲ့သူ၊ သင့်မြတ် တဲ့သူ၊ မုန်းတဲ့သူ၊ မသင့်မြတ်တဲ့သူအားလုံးကို နိုင်ငံ သားပြည်သူ သန်း ၅ဝကျော်ရဲ့ အရေးကို ကျွန်တော် တို့ တွေးစဉ်းစားဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုသန်း ၅၀ အရေးကို မျှော်တွေးစဉ်းစား ပြီးတော့ လူ့ဘောင်အဖွဲ့ အစည်း ညီညွတ်မျှတတဲ့ အနေအထားကိုရောက်ဖို့ အချိန်တန်ပါပြီ။ နောက်ပြီး
တော့ မြန်မာပြည်ကြီးမှာ သာယာဖို့၊ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ ချစ်ကြည်ရင်းနှီးစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြဖို့ဆိုတဲ့ အမျိုးသားညီညွတ်ရေး စိတ်ဓာတ်တွေနဲ့အတူ မြန်မာတွေရဲ့ တ်ဆန်းချိန် တစ်ခုကို အရောက်သွားဖို့ ဖော်ဆောင်ပေးကြဖို့၊ ကျွန်တော့်အနေနဲ့ ဒီနေရာကနေမေတ္တာရပ်ခံပန်ကြား လိုပါတယ်။

မိဘပြည်သူများခင်ဗျာ။ ပြည်သူတိုင်းမှာ နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ခေတ် အဆက်ဆက်  ဘိုးစဉ်ဘောင်ဆက်နိုင်ငံကိုကာကွယ်ခဲ့တဲ့ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်းတို့ရဲ့ နိုင်ငံ
တော်ကို ဘိုးဘွားစဉ်ဆက် ကာကွယ်ခဲ့တယ်ဆိုတဲ့ သမိုင်းသက်သေဟာ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ဘိုးဘွားစဉ်ဆက်တို့ရဲ့ တာဝန်ကျေမှု၊ ကျွန်တော်တို့ရဲ့ နိုင်ငံတည်ထောင်တဲ့ ဖခင်ကြီးတွေရဲ့ စေတနာ ဆန္ဒတွေကို လေးစားသောအားဖြင့် ကျွန်တော်တို့ဟာ တိုင်းတစ်ပါး သြဇာခံနိုင်ငံမဖြစ်ရေး အတွက် ( ကိုယ့်အမျိုးကိုချစ်ကြပါ။ အမိမြေကို ကာကွယ်ကြပါ။
နောက်ပြီး အားလုံးလိုလားတောင့်တနေကြတဲ့ အမျိုးသားနိုင်ငံတော်ကြီးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးတစ်ခုကို ရောက်ရှိအောင် နိုင်ငံရေးသီလစင်ကြယ်စွာနဲ့ အမျိုးသား ( ညီညွတ်ရေး၊ တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးစိတ်ဓာတ်တွေနဲ့ ဖော်ဆောင်ပေးကြဖို့ ဒီနေရာကနေ ကျွန်တော် တိုက်တွန်းလိုပါတယ်။
မြန်မာ ပြည်သူအပေါင်း ချမ်းမြေ့သာယာ ရှိကြ ပါစေ။ မြန်မာပြည်ကြီး ကျန်းမာပါစေ။

Jeng Phang နော်တောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်
ချစ်ခင်လေးစားအပ်တဲ့ နိုင်ငံတစ်ဝန်းရှိ မိဘ ပြည်သူ တိုင်းရင်းသား လူမျိုး၊ မျိုးနွယ်စု၊ မျိုးနွယ် အပေါင်း တို့ခင်ဗျား-
နှစ်သစ်မင်္ဂလာ အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဂါရဝပြု ဆုမွန် ကောင်းတောင်း၍ မေတ္တာပို့သအပ်ပါ တယ်။ မိမိတို့နိုင်ငံမှာ လတ်တလော ဖြစ်ပွားနေဆဲ ဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ်ကြီး ဟာလည်းပဲကင်းစင်ပပျောက်သွားနိုင်ပါစေကြောင်း ထပ် လောင်း ၍ အထူးဆုတောင်းအပ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများနဲ့ ကုသရေးလုပ်ငန်းများ မှာသော် လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးအန္တရာယ်ကြောင့် ထိခိုက်ကျဆင်းခဲ့ရတဲ့ ယနေ့ မိဘပြည်သူ တိုင်းရင်းသားလူမျိုးအပေါင်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဦးမော့ကောင်းမွန်လာ စေပြီး ပြည်သူ လူထုတစ်ဦးချင်းရဲ့ စားဝတ်နေရေး ပြီးပြည့်စုံရန်အတွက်သော်လည်းကောင်း၊ တိုင်းရင်း သား လူမျိုး ညီအစ်ကိုအချင်းချင်း ဖြစ်ပွားနေတဲ့ ပဋိ ပက္ခ ချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များမှာ သော်လည်းကောင်း။
နိုင်ငံ့ဝန်ထမ်းများဟာ လူနေမှုစနစ် အဆင့် မြင့်မားစွာ နေနိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးမယ့် လုပ်ငန်း စဉ်များမှာ လည်းကောင်း၊ နောင်အနာဂတ်တိုင်းပြည်ရဲ့ ခေါင်းဆောင်များ ဖြစ်လာကြမယ့် လူငယ် လူရွယ်များကိုလည်းပဲ သင့်မြတ်ကောင်းမွန် တဲ့ အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိစေပြီး နိုင်ငံ တကာနဲ့ ရင်ပေါင်တန်းတဲ့၊ ခေတ်မီတဲ့ ပညာ ရေးစနစ် ဖြစ်ထွန်းလာစေဖို့အတွက် စီမံဆောင်ရွက် တဲ့ လုပ်ငန်းများမှာ လည်းကောင်း ကျွန်တော်တို့တွေ အားလုံးဟာ အမြန်ဆုံး မလွဲမသွေ မုချ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရမှာ ဖြစ် ပါတယ်။
အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လည်းကောင်း၊ မိမိတို့ရဲ့ နိုင်ငံ အနာဂတ် ချမ်းမြေ့
သာယာအောင် ဆောင်ရွက်ရာမှာ လည်းကောင်း၊  မိဘပြည်သူနဲ့ တိုင်းရင်းသားလူမျိုး၊ မျိုးနွယ်စု တို့ရဲ့ ဘဝ ပျော်ရွှင်ရေး၊ အေးချမ်းသာယာရေးအတွက် လည်းကောင်း။ ။
အများက လိုလားတောင့်တနေကြတဲ့ ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် နိုင်မယ့် ရှေ့ခရီးလမ်းကြောင်းမှာ မိဘပြည်သူနဲ့ တိုင်းရင်းသားလူမျိုးအပေါင်း အားလုံးတို့ဟာ ကျရာ ကဏ္ဍ အသီးသီးကနေ အပြုသဘောနဲ့ တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း အထူး ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ အားလုံး ကျန်းမာချမ်းသာကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးမောင်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေ အားလုံးမင်္ဂလာပါ။ ကျွန်တော်က ချင်းအမျိုးသား ဖြစ်ပါ တယ်။ ချင်းအမျိုးသားဖြစ်ပေမယ့် ကျွန်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့သူဆိုတော့ မင်္ဂလာ ဆုတောင်း ပြောလို့ရှိရင် ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းအစဉ်အလာအရ ကျွန်တော်က ပြောမှာပါ။ နောက် ကျန်တဲ့ ဘာသာတွေမှာလည်း သူ့နည်း သူ့ဟန်နဲ့၊ သူ့ဆုတောင်းနဲ့ရှိမှာပါ။ ကျွန်တော်က အသက် ၆၉နှစ် ပြည့်တဲ့ ဒီဇင်ဘာလကစပြီးတော့ ပဋ္ဌာန်းကို အမြဲတမ်းရွတ်ပါတယ်။ ပဋ္ဌာန်းရွတ်တာ ကလည်း ကျွန်တော်ဝန်ထမ်းဘဝတုန်းက ကချင်ပြည် နယ်မြောက်ဖျား နောင်မွန်းမှာနေတုန်းက ဘုန်းကြီး
ကျောင်းမှာ တနင်္ဂနွေနေ့တိုင်းဗုဒ္ဓဘာသာဝင်တွေစုပြီး ပဋ္ဌာန်းရွတ်တော့ အမှန်အတိုင်းပြောရရင် အဲဒီကျမှ ပဋ္ဌာန်းကို ဌာန်ကရိုဏ်းကျကျ ဖတ်တတ်သွားတာပါ။
အခု အသက် ၆၉ နှစ်ပြည့်ကာမှ ကျွန်တော် ပဋ္ဌာန်းကို ပြန်စရွတ်တာဆိုတော့ လေးလလောက် တော့ရှိပြီပေါ့။ အဲဒီတုန်းက ဆုတောင်းတာတော့ ပဋ္ဌာန်းရွတ်ပြီးရင် မေတ္တာပို့ပါတယ်။ မေတ္တာပို့ပြီးရင် ဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ဒီလိုပဲ ကျွန်တော် မေတ္တာပို့ပါတယ်။ အခုကျတော့ ဒီနေရာ မှာ ရောက်လာတဲ့အချိန်ကျတော့ ကျွန်တော် ဆုတောင်းတာ တစ်ခုတိုးပါတယ်။ ပဋ္ဌာန်းကိုရွတ် တယ်။ နောက် မေတ္တာပို့တယ်။ နောက်ပြီး ကွယ်လွန် သွားတဲ့ အဖေ အမေကအစ ကျန်တဲ့ သတ္တဝါတွေ အားလုံး မေတ္တာပို့တယ်။ မေတ္တာပို့ပြီးရင် ကျွန်တော် တစ်ခုထပ်တိုးတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားတပည့်တော် တပည့်တော်မတို့သည်အေးချမ်း သာယာသော နိုင်ငံတော်၏ နိုင်ငံသူနိုင်ငံသားများ ဖြစ်ကြရပါလို၏ အရှင်ဘုရားဆိုပြီးတော့ ဆုတောင်း
တာ တစ်ခုတိုးပါတယ်။ အဲဒါအကုန်လုံး အခု နားထောင်နေတဲ့ ပရိသတ်တွေအပေါ်မှာ လွှမ်းခြုံ
တဲ့စေတနာနဲ့ မေတ္တာအရင်းနဲ့ ကျွန်တော်ဆုတောင်းတာပါ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ ချမ်းသာ ကြပါစေ။

စောဒန်နီယယ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်

ဒီကနေ့ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး အချိန်အခါ သမယမှာ မြန်မာပြည်သူ ပြည်သားအားလုံးကို စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံပါစေလို့ ဦးစွာ ကျွန်တော် နှုတ်ခွန်းဆက် ပြောလိုပါ တယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးမှာ  အတူတကွနေထိုင်ကြတဲ့အခါမှာ တိုင်းရင်းသားမျိုးစုံ ရှိပါ တယ်။ ဘာသာပေါင်းစုံလည်း ရှိကြပါတယ်။တစ်ဦးနဲ့ တစ်ဦး မပုတ်ခတ်ဘဲနဲ့၊ တစ်ဦးနဲ့တစ်ဦး  ချစ်ချစ်ခင်ခင်မေတ္တာနဲ့ ကျွန်တော်တို့ အတူတကွလက်တွဲပြီး နေထိုင်ကြရင် တကယ်ပျော်ရွှင်စရာ ကောင်းတဲ့ နိုင်ငံကြီးဖြစ်မှာပါ။ ။
ကျွန်တော်တို့နိုင်ငံဟာ သယံဇာတလည်း ပေါကြွယ်တယ်။ လူ့အရင်းအမြစ်တွေလည်း ရှိနေ တယ်။ တိုးတက်ဖို့၊ အောင်မြင်ဖို့ဆိုတာ ဘာမှမခက်  ပါဘူး။ ဒါပေမယ့် လူမှန်နေရာမှန်ဖြစ်ဖို့တော့  လိုအပ် တယ်။ ရွေးချယ်မှုစနစ်တွေ မမှန်တာကြောင့်တစ်မျိုး၊ အံဝင်ခွင်ကျမဖြစ်တာကလည်းတစ်မျိုး၊ အဲဒါ တွေကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒုံရင်း ဒုံရင်းနဲ့ နှစ်ပေါင်း ၇၀ ကျော်ပါပြီ။ ဒါကြောင့် ဒီကနေ့ ကျွန်တော်ပြောချင်တာက မြန်မာနိုင်ငံသူနိုင်ငံသားတွေ ပါတီစွဲတွေ၊ ဝါဒစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေ  မထား ကြပါနဲ့။ ကျွန်တော်တို့ အတူတကွ ယှဉ်တွဲနေထိုင်ဖို့၊ တိုးတက်ဖို့ဟာ လူကောင်း လူတော်တွေ၊ သူဘယ် နေရာမှာ တော်လဲ တော်တဲ့နေရာ ကျွန်တော်တို့ထည့်ပေးလိုက်မယ်။ သူဘယ်နေရာမှာ တတ်လဲ တတ်တဲ့နေရာကျွန်တော်တို့ ထည့်ပေးလိုက် မယ်။ အတူတကွ လုပ်ဆောင်ကြရင် ဗမာပြည်ကြီး ဟာ တိုးတက်မှာပါ။ လွဲနေတဲ့ အရာတွေကိုတော့ ကျွန်တော်တို့ ပြင်ဖို့လိုပြီ။ ကျွန်တော်တို့ မပြင်နိုင် သရွေ့တော့ ဒီထက်ဆိုးတဲ့ ကံကြမ္မာတွေ ကျွန်တော် တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားအားလုံး အတူတကွ ယှဉ်တွဲနေထိုင် ရင်းနဲ့ ဒီနှစ်သစ်မှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ အတူတကွပျော်ရွှင်စွာ နေထိုင်သွား ကြဖို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာဗညားအောင်မိုး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာသူ ကမ္ဘာ သားများအားလုံး ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးမှ ကင်းဝေးကြပါစေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ က ချမှတ်တဲ့ ဦးတည်ချက်(၉)ရပ်မှ အပိုဒ်(၁) အပိုဒ်ခွဲ(က)အရ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးနိုင်ရန်ဟူသောအချက်ကို အစပျိုး အကောင်အထည် ဖော်နိုင်ပါစေ။
အဲဒီဦးတည်ချက်(၉)ရပ်မှ အပိုဒ်(၁) အပိုဒ်ခွဲ(က)မှာပါတဲ့ ပြည်ထောင်စုတိုင်းရင်းသားများတို့ လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နမူနာပုံစံအဖြစ် ဒီမင်္ဂလာရှိသော ၁၃၈၃ ခုနှစ် နှစ်သစ် မှာ ပုံဖော်နိုင်ပါစေ။ ဒီနှစ်သစ်ကူးမင်္ဂလာအခါသမယမှာ လေးနက်တဲ့ မေတ္တာ၊ စေတနာနဲ့ ဆုမွန်ကောင်း ၊ တောင်းလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။