Skip to main content

ရန်ကုန်မြို့တော်ဝန် လမ်းပိတ်အတားအဆီးများရှင်းလင်းနေမှု ကြပ်မတ်ဆောင်ရွက်

ရန်ကုန် မတ် ၂၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်း၊ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်း၊ သာကေတမြို့နယ် မြင်တော်သာ လမ်းတို့တွင် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်လိုသူ များက ပိတ်ဆို့ထားသော အတားအဆီးများ ဖယ်ရှား ရှင်းလင်းနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုသို့ ဖယ်ရှားရှင်းလင်းရာတွင် ပိတ်ဆို့ထား သောသဲအိတ်များ၊ အုတ်ခဲကျိုးများ၊ မြောင်းဖုံး ကျောက်ပြားများ၊ ဓာတ်တိုင်ဟောင်းများ၊ ကားတာယာ များ၊ ခုတ်လှဲထားသည့် သစ်ပင်သစ်ကိုင်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ပြည်သူများက အတူ တကွ ပူးပေါင်းကာ စက်ယန္တရားများ၊ မြေသယ်ယာဉ် များအသုံးပြု၍ ဖယ်ရှားရှင်လင်းခြင်း၊ လမ်းများကို ဆေးကြောခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင် တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်တွင် မြေသယ်ယာဉ် သုံးစီး၊ သာကေတမြို့ နယ်သုမနလမ်း၊ မြင်တော်သာလမ်းတို့တွင် Loader ယာဉ်တစ်စီး၊ မြေသယ်ယာဉ် ငါးစီး၊ စမ်းချောင်းမြို့ နယ်ဗားဂရာလမ်း သွယ်များတွင် မြေသယ်ယာဉ်တစ်စီး ဖြင့် လည်းကောင်း အတားအဆီးများကို ဖယ်ရှား ရှင်းလင်းပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလ လမ်း၊ စက်ရုံလမ်း၊ ဦးအောင်မြတ်လမ်း၊ ကျောက်တံ တားမြို့နယ် အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းတို့တွင် အတားအဆီးများမှ ကျန်ခဲ့ သည့် သဲ၊ ခဲ၊ အမှိုက်များသိမ်းဆည်းရှင်းလင်းခြင်း၊ လမ်းရေဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သတင်းစဉ်