နေပြည်တော် မတ် ၂၁
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များ ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေး ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၀ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုကိုးကျွန်းခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်အရ ယနေ့တွင် ကိုကိုးကျွန်း နေ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊ ဟိုပုံးမြို့၊ မိုးဗြဲမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဘောလခဲမြို့နယ် များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် “ဒေသခံတိုင်းရင်း သားပြည် သူများအား သတ်မှတ် -နေရာအသီးသီး၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာချ၊ စာသင် သံဃာတော် များအား သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား သတ်မှတ် နေရာအသီးသီး၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ အား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတပ်မတော်သား ( ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များအား ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ( ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေး ကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကိုသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ (ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်