Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး

ရန်ကုန် မတ် ၂၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၀ ရက် မွန်းလွဲ နာရီ တွင် ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်) အမှတ်()လမ်းနှင့် မြို့ပတ်လမ်းထောင့် သုံးခွကျေးရွာ အနီး မစိုချောင်းဘေးတွင်ဆောင်ရွက်လျက်ရှိ သည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ရှင်းလင်းတင်ပြ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ အင်ဂျင်နီယာဌာန(ရေအရင်းမြစ်နှင့် ရေပေးဝေရေး ဌာနမှူး ဦးမြင့်ဇော် သန်းက ဌာနဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန်မြို့သို့ ရေအရင်းအမြစ်များမှ ရေဖြန့်ဖြူးနေမှု၊ တိုးတက်လာသည့် လူဦးရေနှင့် အညီ ရေပေးဝေနိုင်ရန်ရေပေး ဝေရေးဇုန်များ ခွဲခြားပြီး ရေအရင်းမြစ်များ ရှာဖွေ၍ ရေသန့်စင်စက်ရုံများ တည်ဆောက်ကာ ရေပေးဝေရေးစီမံ ဆောင်ရွက်ထားမှုများ၊ လဂွန်းပြင်ရေပေးဝေရေးစီမံကိန်း ဆောင်ရွက် ပြီးစီးမှုနှင့် စမ်းသပ်ပေးဝေနေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန် နှင့် တာဝန်ရှိသူများက ရေပေးဝေရေး Pipe Network များ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန်၊ လဂွန်းပြင်ရေသန့်စင်စက်ရုံမှ တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ လျာထားချက်ထက် ပိုမိုဖြန့်ဖြူးနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ရေအရင်းအမြစ်၊ ရေလှောင်ကန်အလိုက် ထုတ်လုပ်မှု စရိတ်ကို တစ်ဂါလန်နှုန်းဖြင့် တွက် ချက်၍နှိုင်းယှဉ်ရန်၊ ရေလိုအပ်ချက်ကို ကြိုတင်တွက်ချက်၍ လိုအပ်သည် များစီမံဆောင်ရွက်ရန်၊ ဌာနမှဝန်ထမ်း များအနေဖြင့် လုပ်ငန်းအတွေ့အကြုံများစွာရလာပြီဖြစ်၍ မည်သူကိုမျှ အားကိုးမနေဘဲ စီမံကိန်းများရေးဆွဲခြင်း၊ တည်ဆောက်ခြင်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြား သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းခွင်ရှိ အကြိုအနည်ထိုင်ကန်၊ အနိမ့်ရေတင်စက်ရုံ၊ ရေဖြန့်ခွဲအဆောက်အအုံ၊ အနည်ထိုင်ကန်၊ ရေစုကန်၊ သဲရေစစ်ကန်၊ ရေသန့်စင်စက်ရုံများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ရည်မှန်းဆောင်ရွက်လျက်ရှိ အင်ဂျင်နီယာဌာန (ရေအရင်းအမြစ်နှင့် ရေပေးဝေရေး)သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်ပူးပေါင်း၍ Master Plan For Water Supply, Sewerage and Drainage cqizgəclmzoezi nema မြို့တော် ရေပေးဝေရေးလုပ်ငန်းများကို ၂၀၄၀ ပြည့်နှစ်တွင်ရှိမည့် တိုးတက်လာသော လူဦးရေနှင့်အညီ ကောင်းမွန်ပြည့်စုံစေရန်အတွက် ဇန်နေရာ ၁၀ နေရာခွဲခြားသတ်မှတ်ကာ ဇုန်အလိုက်၊ အကွက်အလိုက် ရေစုကန်နှင့် ရေတွန်းစက်ရုံများ တည်ဆောက်ခြင်း၊ ရေမီတာများ စနစ်တကျတပ်ဆင်၍ ရေလေလွင့်ဆုံးရှုံးမှု စောင့်ကြည့်ထိန်းချုပ်နိုင်ရေး District Metered Area (DMA)oqdąp:05&w&G#:1 Wos&:3əqjos အလက် ရယူထိန်းချုပ်ကြပ်မတ်စေသည့်နည်းစနစ် SCADA (Supervisory Control and Data Acquisition)တည်ဆောက်ခြင်း၊ ရေဖြန့်ဖြူးရေး ပိုက်လိုင်း (Water Distribution Pipe Line)များ တည်ဆောက်ခြင်း စသည့်အနာဂတ်နှင့်ကိုက်ညီမည့်ခေတ်မီရေဖြန့်ဖြူးရေးကွန်ရက် (Water Distribution Network)တစ်ခုတည်ဆောက်ရန် ရေးဆွဲခဲ့ကြောင်း၊ Master Plan အရ လဂွန်းပြင်ရေပေး ဝေရေးစီမံကိန်းကိုရန်ကုန်အရှေ့ပိုင်း လေးမြို့နယ်ဖြစ်သော ဇုန်()တွင် ပါဝင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဇုန်()တွင် ပါဝင်သည့် ဒဂုံ မြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် သန်လျင်မြို့နယ် ရှိသီလဝါအထူးစီးပွားရေး ဇုန်များသို့ အဓိကရေပေးဝေပြီး ရန်ကုန်တောင်ပိုင်း မြို့နယ်များဖြစ် သော သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်များသို့ ရေအားဖြည့် ပေးဝေသွားရန် အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတစ်ခုလုံးကို ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂ခုနှစ် မတ်လတွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ယုဇန ဥယျာဉ်မြို့တော်နှင့် သာကေတမြို့နယ် သို့ တစ်နေ့ ရေဂါလန် ဒသမ သန်း စမ်းသပ်ပေးဝေလျက်ရှိပြီး ဆက်လက်တိုးမြှင့်ပေးဝေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်