Skip to main content

ဒီမိုကရေစီနှင့်ဖက်ဒရယ်အခြေခံသည့်နိုင်ငံတည်ဆောက်

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်ကျောင်းများပိတ်ထား ရခြင်းသည် ကျောင်းသား ကျောင်းသူများနှင့် မိဘတစ်ဦးချင်း စီ၏ နှစ်နာဆုံးရှုံးမှု အပြင် တိုင်းပြည်အတွက်လည်း နှစ်နာဆုံးရှုံးမှုပင်ဖြစ်သောကြောင့် ကျောင်းများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မတ် ၂၀ ရက်တွင် မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

လူစုလူဝေးမဖြစ်စေရန်၊ မသမာသူများက လှုံ့ဆော်မှုမရှိစေရန်၊ ကျောင်းများကို ယခင်အတိုင်းပင်ထားရန် အကြံပြုမှုများရှိသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ခံယူချက်မှာ ကျောင်းတစ်နှစ်ပိတ်ထားလျှင် ကျောင်းသား၊ မိဘ၊ ပြည်သူ များသာ တစ်နှစ် နစ်နာမည်ဖြစ်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ သန်းနှင့်ချီသော ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာများအနေဖြင့် ယမန်နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရသဖြင့် တစ်နှစ်တာ နှစ်နာဆုံးရှုံးမှုများ ဖြစ်ခဲ့ရပြီး ဖြစ်သည်။ ယခုတစ်ဖန် ကျောင်းများဆက်လက်ပိတ်ထားလျှင် ထပ်မံနှစ်နာဆုံးရှုံး မှုဖြစ်မည်ကို မဖြစ်စေလိုသဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ဖွင့်လှစ် နိုင်အောင် ကြိုးပမ်းဆောင် ရွက်ခြင်းသည် နိုင်ငံတော်နှင့် အများပြည်သူ အကျိုးစီးပွား ကို ရှေးရှုဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း၊ ဖြတ်သန်းခဲ့ ရသည့် အတွေ့အကြုံများဖြင့် နိုင်ငံတော် ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာတည်ဆောက်ရန် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသိပေးပြောကြားခဲ့သည်။ လက်ရှိအချိန်ကာလတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် () ရပ်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် () ရပ်ကို ချမှတ် ဆောင်ရွက်နေသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လတ်တလော ဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားနေပြီး တစ်ချိန်တည်းတွင်နိုင်ငံ၏ အနာဂတ်နှင့်လူငယ်လူရွယ်များ၏ အနာဂတ်အတွက် အရေးကြီးသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေသည်။

အထူးသဖြင့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စာသင်နှစ်တစ်နှစ် နှစ်နာဆုံးရှုံးခဲ့ရပြီးဖြစ်သည့် အပြင် လူငယ်လူရွယ်များ အချည်းနှီးအကျိုးမဲ့ အချိန်ကုန်လေ လွင့်ခဲ့ရသည်။ အသက်တစ်နှစ်ကြီးပြီး အတန်းတစ်တန်း နှစ်နာဆုံးရှုံးခဲ့ရသည်မှာ ကျောင်းသား လူငယ်များ အတွက် ကြီးစွာဆုံးရှုံးမှုဖြစ်သည်။ ထပ်မံ၍ နောက်တစ်နှစ် နစ်နာ ဆုံးရှုံးခြင်းမရှိစေရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ နိုင်ငံတော်နှင့် လူငယ်များ - အနာဂတ်အတွက် ထားရှိသောစေတနာကို နားလည်ပေးကြရမည် ဖြစ်သည်။ တစ်ဖက်တွင် ရပ်ရွာတည်ငြိမ်ရေးကို အလေးထားတည်ဆောက်နိုင်မှ ကျောင်းများ အေးချမ်းစွာ ပြန်လည် ဖွင့်လှစ်နိုင်မည်ကို နားလည်လက်ခံထားကြရမည် ဖြစ်သည်။

ထို့အပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဖြစ်သည်။ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည်။ ယင်းတို့သည် တပ်မတော်၏နိုင်ငံတော်အပေါ်ထားရှိသည့်သဘောထား အမှန်ဖြစ်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။