နေပြည်တော် မတ် ၂၁
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ရောက်ရှိကာ တိုင်းဒေသ ကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးရဲမြင့်နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ အနေ ဖြင့် ပြည်သူများ စိတ်လတ်ပေါ့ပါး ချမ်းမြေ့စွာ ခရီးသွားလာအပန်းဖြေနိုင်ရေးအတွက် အထူး အလေးထားသဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် လာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန် လည်ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံတော်၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း များ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ခရီးသွား ဧည့်သည်များနှင့် အဓိကထိတွေ့သည့် ဟိုတယ်ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းသာကမ်းခြေသို့ ရောက်ရှိပြီး Azura Beach Resort အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်းမှ ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ချောင်းသာကမ်းခြေတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ပုံရိပ်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် နိုင်ငံတော်၏ သံတမန်အငယ်စားဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိ သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း များစွာအထောက် အကူဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းနယ်ပယ်များသည်လည်းများစွာ ထိခိုက် နစ်နာခဲ့ရပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်များအား ပိတ်သိမ်းရန်ညွှန်ကြား ထားခြင်းမရှိဘဲ ကိုဗစ်-၁၉ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရန် ညွှန်ကြားထားရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကို ပေါင်းစပ်ပြီး Enchanting Myanmar Health and Safety Protocols (HSP) ကိုရေးဆွဲ ထုတ်ပြန်၍ ယင်းအစီအစဉ်အရ ဟိုတယ်များရှိ ဝန်ထမ်းများကို သင်တန်းများပေးခြင်းနှင့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးပြီး အသိမှတ်ပြုလက်မှတ်များထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ် ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပြီး လာရောက်တည်းခိုသည့် ခရီးသွား ဧည့်သည်များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးဆိုင်ရာများကို အထူးအလေးထားလိုက်နာ နိုင်ရေး အသိပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ချောင်းသာကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက် ရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ၊ လုပ်ငန်း ရှင်များနှင့် ဒေသခံပြည်သူများ အားလုံးဝိုင်းဝန်း ကူညီပူးပေါင်းဆောင်ရွက်ပေးစေလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ကျော်က ဆွေးနွေးရာတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ရာတွင် အများဆုံးလာရောက်လည်ပတ် နိုင်ရန်ဒေသဖြစ်သည့် ချောင်းသာကမ်းခြေခရီးစဉ်ကို ဦးစားပေး ဆောင်ရွက်သွားမည့်အခြေ အနေ၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုက်နာဆောင်ရွက်ရမည့်အချက် Version 2.0 နှင့်အညီ စစ်ဆေးပြီးဖြစ်သည့် ဟိုတယ်များဖွင့်လှစ်နိုင်ရေး အကြောင်းကြားထားရှိမှု၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး ကမ်းခြေသာယာလှပရေးအတွက် ဆက်လက်ဆောင် ရွက်သွားရန်နှင့် လက်ရှိကာလအခြေအနေအရ ခရီးသွားဧည့်သည်နှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ က ဟိုတယ်များဖွင့်လှစ်နိုင်ရေးအတွက် အဖွဲ့ဆုံဖြင့်စစ်ဆေးဆောင်ရွက်ခဲ့မှု၊ နိုင်ငံတော်မှ ချေးငွေ ဆိုင်းငံ့ထားရှိမှုနှင့် ထပ်မံရရှိနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောင်းသာကမ်းခြေ Azura Beach Resort ၌ ကျင်းပသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွင့်လှစ်ခြင်းအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့် လှစ် ပေးပြီး တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ Azura Beach Resort ကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငွေဆောင်ကမ်းခြေသို့ ရောက်ရှိပြီး Aureum Palace Hotel တွင် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဟိုတယ်ဇုန်မှ တာဝန်ရှိသူများကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရးအတွက် လိုအပ်သည်များကို တွေ့ဆုံမှာကြားခဲ့ပြီး Aureum Palace Hotel ကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)