Skip to main content

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Fish Processing စီးပွားရေးဇုန် များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၉ မြန်မာနိုင်ငံ၏ ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် Fish Processing စီးပွားရေး ဇုန်များကို နယ်စပ်တွင် ထူထောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့မှ စီမံအုပ်ချုပ်ရေး ကောင်စီမှတာဝန်ရှိသူများ ၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှူးများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် တို့မှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ထူထောင်နိုင်ရေး ကြိုးပမ်း အကောင် အထည်ဖော်ရာတွင် ရေလုပ်ငန်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် လျက်ရှိရာ ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြည်ပစျေးကွက်သို့ တင်ပို့ရောင်း ချနိုင်ရေး သာမက ပြည်တွင်းစားသုံးမှုဖူလုံစေရေး အာဟာရပြည့်ဝရေးနှင့် စားသုံးသူ ဘေးကင်းလုံခြုံ ရေးလုပ်ငန်းများကို အလေးပေး၍ ဒေသနေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းဖော် ဆောင်ပေးနိုင်ရေးနှင့် ပြည်တွင်းပြည်ပ စျေးကွက်နှစ်ခုလုံးအတွက် တန်ဖိုးမြင့် ရေထွက်ကုန် ပစ္စည်းများ ထုတ်လုပ်ပေးနိုင်မည့် Fish Processing စီးပွားရေး ဇုန်များ ပေါ်ထွန်းလာရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ညှိနှိုင်းကူညီ ဆောင်ရွက် လျက်ရှိကြောင်း။ မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းကုန်ကြမ်းများ တင်ပို့ရောင်းချသည့် အခြေ အနေ မှ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်ရောင်းချသည့် နိုင်ငံအဖြစ် ပြောင်းလဲရပ်တည် နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် အခက် အခဲများကျော်လွှားနိုင်ရန် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း ဇုန်ကြီးများ ကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် မိမိ တို့ဝန်ကြီး ဌာနက လိုအပ်သည့်စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ မြန်မာ့ရေလုပ်ငန်းကဏ္ဍအနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်(၃၂၀၀)၊ ကမ်းနီး ငါးဖမ်း ရေယာဉ်(၁၉၁၉၂)စီး၊ ငါးသယ်ရေယာဉ်(၂၆၀)တို့ဖြင့် ကမ်းရိုးတန်းဒေသများတွင် ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး ပြည်နယ်များ၌ ငါး/ ပုစွန်မွေးမြူရေးကန် ဧက(၅)သိန်းခန့်၊ စက်ရုံ(၁၂၄)ရုံဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့နှစ်စဉ် တင်ပို့နိုင်မှုကြောင့် ပြည်ပဝင်ငွေရှာဖွေပေးနိုင်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ အခြေ အနေအရ နယ်စပ်ဖြတ်ကျော် တင်ပို့မှု အခက်အခဲများအပေါ် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒေသဆိုင်ရာ ငါးလုပ်ငန်းအသင်းများ၊ ငါးလုပ်ငန်းဦးစီးဌာန တို့က ပူးပေါင်း ဖြေရှင်းဆောင်ရွက် လျက်ရှိသည်။ ယခုအခါ တနင်္သာရီတိုင်းဒေသကြီး၌ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် ကိုဗစ်-၁၉ ကဲ့သို့သော မမျှော်မှန်းနိုင်သည့် ဘေးဒုက္ခကြုံတွေ့ချိန်များတွင် ငါးလုပ်ငန်းကို အဓိက စီးပွားရေးအဖြစ် ဆောင်ရွက်နေသော ဝယ်သူဈေးကွက်မှ ရောင်းသူဈေးကွက်သို့ ပြောင်းလဲရေး၊ ရေခဲရိုက် ငါးကုန်ကြမ်း တင်ပို့မှုမှ ပြုပြင်ထုတ်လုပ်ပြီး ကုန်ချောတင်ပို့ရောင်း ချနိုင်ရေးနှင့် မိမိတို့ နိုင်ငံသားမျာ၏ ဝင်ငွေနှင့် အလုပ်အကိုင်ရရှိမှုကို အာမခံချက်ပေးနိုင်ရေး အတွက် Fish Processing ဇုန် ထူထောင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)