ရန်ကုန် မတ် ၁၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်ရှိ ကလေးဝ တောရ နာဂလိုဏ်ဂူပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ကလေးဝ တောရ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂ အရှင်သူမြတ်ထံ ထာဝရ ပစ္စည်းလေးပါး ဆွမ်း ပဒေသာပင် ငွေကျပ်သိန်း ၅၀ စိုက်ထူ လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွား ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ကြီးများက ဓမ္မာနုဂ္ဂဟ ဖြင့် ဆောင်ရွက်သကဲ့သို့ ဒါယကာများမှလည်း ပစ္စယာနုဂ္ဂဟဖြင့် ထောက်ပံ့လှူဒါန်းရေးဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော် တာဝန်ယူပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တစ်နိုင်ငံလုံးရှိ ဘုရား၊ စေတီ၊ ပုထိုးများကို ဖေဖော်ဝါရီ ၈ ရက် တွင် တစ်နိုင်ငံလုံး၌ ပြည်သူများဖူးမျှော် ကြည်ညိုနိုင် ရန် ဆောင်ရွက်ခဲ့ကြောင်း၊ အကြိမ် (၆၀) မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားနှင့် အဋ္ဌမ အကြိမ် နိုင်ငံတော် သံဃမဟာနာယ က အဖွဲ့ (၄၇) ပါးစုံညီ ဆဋ္ဌမအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပါကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းဆက်ကပ်ပွဲ အခမ်းအနား ကို တပေါင်းလပြည့်နေ့ မတ် (၂၇)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကို အထူးအလေး ထား ထောက်ပံ့ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမျိုးသား စာကြည့်တိုက် (ရန်ကုန်)သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ရှိ Multimedia Room၊ Digital Library Room၊ Children Story Telling Room၊ Children Library Room၊ Special Reading Room၊ Data Center ၊ Exhibition Hall ၊ စာအုပ်စင်ခန်းများနှင့် သင်တန်းခန်းမတို့၏ ခင်းကျင်းနေရာချထားမှုတို့ကို လှည့်လည်ကြည့် ရှုရာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လိုက်လံရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလ၌ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ စာကြည့်တိုက်ဆိုင်ရာလှုပ်ရှားမှု များ တိုးမြှင့်ဆောင်ရွက်ရေး၊ နိုင်ငံတကာစာကြည့်တိုက်များဖြင့် ချိတ်ဆက်၍ စာကြည့်တိုက် လုပ်ငန်းများ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင်ဆောင်ရွက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွား ရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့် တိုက်ဦးစီးဌာနမှ ဝန်ထမ်းများကို တွေ့ဆုံပြီး True University is collection of Books ဟု ဆိုသည့်အတိုင်း စာကြည့်တိုက်သည် ဘဝအတွက် အသိပညာနှင့် ဗဟုသုတများ ရှာမှီးရန် ဘဝတက္ကသိုလ်ဖြစ်ကြောင်း၊ စာကြည့်တိုက်တွင် Self Learning လုပ်နိုင်ကြောင်း၊ လူတိုင်း သည် အတန်းပညာဖြင့် စာတတ်မြောက်ပြီးပါက စာဖတ်ရန်လိုအပ် ကြောင်း၊ စာဖတ်ရာတွင် လည်း စာဖတ်တတ်ရန်လိုကြောင်း၊ မိမိနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် စာပေ များကို ရွေးချယ်ဖတ်ရန်နှင့် အဆိပ်အတောက်ဖြစ်သည့်စာများကို မဖတ်မိရန်လိုကြောင်း၊ စာဖတ်ပါ က အသိဉာဏ်ပြည့်ဝခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ စဉ်းစားတွေးခေါ် တတ်ခြင်း၊ အကောင်း အဆိုး၊ အကျိုးအပြစ်၊ အမှားအမှန်ခွဲခြားတတ်ခြင်း၊ ဆုံးဖြတ်ချက်မှန်ကန် ခြင်း၊ အလုပ်မှန်ကန် ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့် တိုက်မှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ ဝန်ထမ်း နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ၍ စွမ်းအား ပြည့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စာကြည့်တိုက်လုပ်ငန်းသည် အသိပညာနှင့် ဗဟုသုတ ဆိုင်ရာ ဝန်ဆောင်မှုပြုလုပ်ပေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အများ ပြည်သူဝန်ဆောင်မှုကို စေတနာထား ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) တွင် စာကြည့်တိုက်ဆိုင်ရာအခမ်းအနားများကို ကျင်းပနိုင်ခြင်း၊ အမျိုးသားစာကြည့်တိုက်တွင်ဖြစ်စေ၊ Library Portal တွင်ဖြစ်စေ ရယူအသုံး ပြု နိုင်မည့် IG Publishing e-Books Database တစ်ခုစီကို စီစဉ်ဆောင်ရွက်ထားရှိပြီး အာရှ ဒေသ တွင်းနိုင်ငံများဆိုင်ရာစာအုပ်များ၊ ကလေးစာပေဆိုင်ရာ Audio နှင့် e-Books စသည့် e-resources များကို online မှရှာဖွေအသုံးပြုနိုင်ခြင်း၊ Multimedia Room တွင် ကျောင်းသူ၊ ကျောင်းသားများ အတွက် e -Tekkaatho နှင့်ပညာရပ်ဆိုင်ရာ Database များ စီစဉ် ဆောင်ရွက် ထားရှိခြင်း၊ Digital Library Room တွင် စုဆောင်းထားသော စာပေပစ္စည်းများ ၏ကက်တ လောက် အချက်အလက်များကို အမျိုးသားစာကြည့်တိုက် Websiteရှိ အွန်လိုင်း ကက်တလောက် တွင် အချိန်တိုအတွင်းလျင်မြန်လွယ်ကူစွာ ရှာဖွေ နိုင်ခြင်း၊ ရှားပါး စာနယ်ဇင်းနှင့် ပေပုရပိုက် စာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်းတို့ကို စီစဉ်ဆောင်ရွက် ထားရှိခြင်း၊ မသန်စွမ်းသူများ စာဖတ် ခန်းတွင်လည်း အမြင်အာရုံ ချို့ယွင်းသူများ ဖတ်ရှုနိုင် ရန်အတွက် မျက်မမြင်စာဖြင့် ရေးသား ထားသည့် စာအုပ်များ၊ မျက်မမြင်သုံး စာရေးကိရိယာ များ၊ စာအုပ်ပါ အကြောင်းအရာ များကို နားထောင်နိုင်မည့် Audio Book ၊ MP3 Player နှင့် DVD Player များ စီစဉ် ဆောင်ရွက်ထားရှိခြင်း၊ ကလေးများအတွက် ကလေးစာ ပေဆိုင်ရာ စာအုပ်များ၊ ပုံပြောခန်းများ စီစဉ်ဆောင်ရွက်ပေးထားခြင်းအပြင် Audio Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်း ကားများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် တိုင်ရင်းသားဓလေ့ ဆိုင်ရာ Documentary Film များ၊ အပတ်စဉ်/ လစဉ် ပြသမည့် အစီအစဉ်များကို စီစဉ် ဆောင်ရွက်ထားရှိခြင်း၊ အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် စာပေဆိုင်ရာ e-Resources များအား Website www.nlm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ (သတင်းစဉ်)
နောက်ဆုံးရသတင်းများ

24 Jun, 2025