Skip to main content

မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြသည့်အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာ နိုင်ငံစားသုံးသူရေးရာ ကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ ရှင်းလင်းတင် ပြသည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး ဒေါက်တာပွင့်ဆန်း က လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် စားသုံးသူရေးရာကော်မတီများကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်၊ တိုင်းဒေသကြီး/ ပြည်နယ် ကောင်စီ များထံသို့ သွားရောက်၍ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးရန်၊ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေး အတွက် ပြည်တွင်း စားသုံးမှု ပုံစံများကို အဓိကထားပြောင်းလဲရန်၊ ဆီစားသုံးမှုလျှော့ချရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ၊ သတင်း မီဒီယာများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက် သွားရန်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး ကြိုးပမ်းသွားရန် တို့ကိုမှာကြား သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းမှု၊ စားသုံးသူရေးရာကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာဆိုင်ရာ အမှုကိစ္စ များ ကိုင်တွယ်ဖြေရှင်းမှုများနှင့် မြန်မာနိုင်ငံတွင် စားအုန်းဆီ တင်သွင်းမှု လျှော့ချရေး ဆောင်ရွက်ထားရှိမည့်အစီအမံများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ယှဉ်ပြိုင်မှု ဥပဒေရေးဆွဲ ပြဌာန်းမှု၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းထားရှိမှု၊ ကော်မရှင်၏ လုပ်ငန်းများဆောင် ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှု ဆိုင်ရာ အမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ (သတင်းစဉ်)