နေပြည်တော် မတ် ၁၈
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ တွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ စစ်သည် အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ဆက်ကပ်လှူဒါန်း ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့၊ မုဒုံမြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့တို့ရှိ ဘုန်းတော် ကြီးကျောင်းများနှင့် စာသင်တိုက်များ စုစုပေါင်း လေးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်း များကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မုဒုံ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၁၆ ကျောင်း ရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။ ။
ထို့အပြင် မွန်ပြည်နယ် ဘီးလင်းမြို့၊ ကျိုက်ထီး ဆောင်းစေတီတော်ကျောင်းတိုက်နှင့် မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ၊ ရာမညနိကာရကျောင်းတိုက်များ ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား တပ်မတော် မှဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025