Skip to main content

စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ ဒုတိယအကြိမ် တိုက်၊ အခန်းသော့များ လွှဲပြောင်းပေးအပ်

နေပြည်တော် မတ် ၁၈ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ ဒုတိယအကြိမ် တိုက်၊ အခန်းသော့များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် အဆိုပါအိမ်ရာ၌ ပြုလုပ်ရာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်း မိသားစုဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ ဆောက်လုပ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူတို့က အဆင့်မြင့်စစ်မှု ထမ်းဟောင်း အိမ်ရာနေထိုင်ခွင့်လက်မှတ်နှင့် အခန်း သော့များ၊ စားသောက်ဖွယ်ရာများပေးအပ်ပြီး အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(စစ်တွေ) ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အိမ်ရာဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်