နေပြည်တော် မတ် ၁၈
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစုလူဝေးများ အနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုး စည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ် အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများကို လုပ်ဆောင် လျက်ရှိ သည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အတွင်း အများပြည်သူစိတ်အေးချမ်းသာ စွာနေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဖြိုးဝေကျော်၊ အငယ်တန်းစာရေး ဝေမင်းထက်၊ ရုံးအကူ ထွန်းထွန်း နောင်နှင့် ယာဉ်မောင်း ရန်နိုင်စိုးတို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ၎င်းတို့စီးနင်း လာသော မော်တော်ယာဉ်သည် ကင်မလင်းကျွန်း မီးပွိုင့်သို့ အရောက်၌ စက်ချို့ယွင်းခဲ့သဖြင့် လိုအပ် သည်များ ဆောင်ရွက်ပြီး ဆက်လက်ထွက်ခွာလာစဉ် အမှတ်(၁၃)ရပ်ကွက်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန ရုံးအနီးသို့ အရောက် ဆူပူအကြမ်းဖက်သူ အင်အား ၃၀ ခန့်က မော်တော်ယာဉ်အား တားဆီးပြီး သံတုတ်ဖြင့် ရိုက်ခြင်း၊ ယာဉ်ပေါ်ပါလာသူများအား ထိုးကြိတ်ရိုက်နှက်ခြင်း၊ ဓားဦးချွန်ဖြင့် ထိုးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆူပူအကြမ်းဖက်သူများ၏လုပ်ဆောင် မှုကြောင့် ဝေမင်းထက်(ဘ) ဦးသန်းလွင် (အငယ်တန်းစာရေး) တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ယာလက်ဖျံ/ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာနှင့် ကျောပြင်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့လုပ်ဆောင်ကြသည့် ဆူပူ အကြမ်းဖက်သူ လူတစ်စုအား အမြန်ဆုံးဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ အသေးစိတ် စိစစ် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025