နေပြည်တော် မတ် ၁၈
နေပြည်တော် မတ် ၁၈ လယ်ဝေးမြို့နယ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုရန် ရည်ရွယ် ပြုလုပ်ထားသော ဓား၊ လေးခွ၊ ဂျင်ကလိ၊ လေသေနတ်နှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ နေပြည်တော် လယ်ဝေးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၃)ရပ်ကွက်၊ ပေတောကုန်း(၁) လမ်း၊ အိမ်အမှတ် (၃/၄၇၈)နေ စိန်လှိုင်ဦး(ခ) ရှမ်းလေး (၄၃)နှစ် (ဘ) ဦးဘမောင်၏ နေအိမ်၌ ဆူပူအကြမ်းဖက်မှုများတွင် အသုံးပြုရန် အတွက် ဂျင်ကလိများပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း။
ထိုသို့ရှာဖွေစစ်ဆေးရာတွင် စိန်လှိုင်ဦး(ခ) ရှမ်းလေး၏ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ အလျား ခြောက်လက်မခန့်ရှိ အဖျားချွန် ငါးမျှားချိတ်ပုံသဏ္ဌာန်ဂျင်ကလိ ၁၈ ချောင်း၊ လေထိုးတံ ပါ အလျား ၃ ပေ ၅ လက်မခန့်ရှိသစ်သားကိုယ်ထည်ဖြင့် ပြုလုပ်ထားသော လေသေနတ် တစ်လက်၊ အရိုးအသွား ၂၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်း၊ လေးခွ တစ်လက်၊ လက်ကိုင် လျှပ်စစ် သံဖြတ်စက် တစ်လုံး၊ လက်ကိုင်လျှပ်စစ် ဖောက်စက် တစ်လုံး၊ လေးခွဖြင့်ပစ်ခတ်ရ သည့် ကုန်းသီးနှင့် လောက်စာလုံးများ၊ လက်သမားသုံးပစ္စည်းများကို ရှာဖွေသိမ်းဆည်းရမိခဲ့ ကြောင်း။
သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ လက်ဝယ်တွေ့ရှိသူ စိန်လှိုင်ဦး(ခ) ရှမ်းလေးကိုဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025