နေပြည်တော် မတ် ၁၈
ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်တိမ်ညိုတိုက်ပွဲရှောင် စခန်းရှိ ဒေါ်ဖြူနှင်းချေ (ဘ)ဦးကျော်ဇံလှ နေထိုင် လြာ သည့် အခန်းအတွင်း၌ ယမန်နေ့ ည ၈နာရီ ၅ မိနစ်ခန့်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်းငြိမ်းသတ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည၉ နာရီ ၁၅ မိနစ် ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း။ ။
အဆိုပါ မီးလောင်မှုကြောင့် တိုက်ပွဲရှောင်စခန်းရှိ နေအိမ်အခန်းပေါင်း ၇၀၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်းနှင့်ဒေါ်ဖြူနှင်းချေ၏အစ်မဖြစ်သူ ဒေါ်သိန်းမေ တွင်မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့်တိမ်ညိုတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။
စားသောက်ဖွယ်ရာများ ပေးအပ် မီးလောင်ရာ တိမ်ညိုတိုက်ပွဲရှောင်စခန်းသို့ ယနေ့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အဖွဲ့ဝင် များကသွားရောက်ကြည့်ရှုအားပေးစကားပြောကြား ပြီး မီးဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ၎င်းတို့၏ဒေသ အသီးသီးသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် နယ်မြေ များအား မိုင်းရှင်းလင်းပေးခြင်း၊ အိမ်ဆောက်ပြုပြင် ရန်လိုအပ်မှုများနှင့် လုပ်ကိုင်စားသောက်ရန် လိုအပ် ချက်များအတွက်ထောက်ပံ့မှုများဆောင်ရွက်ပေးလျက် ရှိပြီး ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဒေသအသီးသီး အတွက်လည်း စုဖွဲ့ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025