နေပြည်တော် မတ် ၁၈
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူစုလူဝေးများသည် ဆူပူဆန္ဒပြသည့်အဆင့် မဟုတ် တော့ဘဲ အချို့သောနေရာဒေသများတွင် ရပ်ရွာလူထုများအား အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တာဝန်ဖြင့်သွားလာနေရသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူစုလူဝေးအင်အားစုများဖြင့် အကြောင်းမဲ့ သတ်ဖြတ်ခြင်းများကို အကြမ်းဖက်အဖွဲ့အစည်း ပုံစံအတိုင်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်အရ ဒီပဲယင်းမြို့နယ် မူးကမ်းနယ်မြေ ရဲစခန်းမှ စခန်းတာဝန်ခံအရာရှိနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ၎င်းရဲစခန်းတွင် အမှုဖွင့်လှစ် ထားရှိသော ရဲအမှုတွဲများအား ဒီပဲယင်းမြို့နယ်တရားရုံးသို့ ဥပဒေအကြံပေး တောင်းခံရန်နှင့် စခန်းဖြုတ်သိမ်းရေး ကိစ္စရပ်အတွက် တင်ပြဆောင်ရွက်ရန် ရဲစခန်းမှထွက်ခွာလာခဲ့ကြောင်း။
မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ဒီပဲယင်းမှ မူးကမ်းသွားကားလမ်းပေါ်ရှိ ဒီပဲယင်းမြို့နယ် ဖုတ်ထန်း တော ကျေးရွာ အနီးသို့ရောက်ရှိစဉ် လူစုလူဝေးအကြမ်းဖက်အင်အား ၁၀၀ ဦးခန့်မှ ရဲတပ်ဖွဲ့ဝင် များ မောင်းနှင်စီးနင်းလာသည့် AD Van ယာဉ်အား ဝိုင်းရံပိတ်ဆို့တားဆီးပြီး လိုက်ပါလာသည့် တပ်ဖွဲ့ဝင် ၃ ဦးအား ကားပေါ်မှ ဆွဲချကာ တုတ်/ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့ကြ ကြောင်း။
ယင်းဖြစ်စဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးမှာ ဓားဒဏ်ရာပြင်းထန်စွာရရှိကာ နေရာတွင် သေဆုံးခဲ့ပြီး စခန်းတာဝန်ခံအရာရှိမှာ ဓားဒဏ်ရာ ခုနှစ်ချက် ပြင်းထန်စွာရရှိခဲ့၍ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း။
အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ငယ်များပါရှိခဲ့ရာ ဆူပူအကြမ်းဖက်လူအုပ်စုမှ ပါရှိလာသော လက်နက်ငယ် သုံးလက်အား ယူဆောင်သွားခဲ့ကြောင်း၊ လူစုလူဝေးဖြင့် မင်းမဲ့ စရိုက်ဆန်ဆန် ဆောင်ရွက်ခဲ့သော အကြမ်းဖက်လူအုပ်စုအနေဖြင့် လက်နက်ကိုင် လုံခြုံရေး အဖွဲ့အား အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံတော်ပိုင်လက်နက်ခဲယမ်းများကို ယူဆောင်သွားမှု သည် နိုင်ငံတော်ကိုဆန့်ကျင် ပုန်ကန်သည့် သောင်းကျန်းသူအဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိ ဆောင်ရွက်လာသည်ကို တွေ့ရှိရသဖြင့် ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025