နေပြည်တော် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ဆူပူဆန္ဒပြသူအချို့က ဆူပူဆန္ဒပြခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အများပြည်သူ အသုံးပြု လျက်ရှိသည့်လမ်းများပေါ်၌ အတားအဆီးများ ချထား၍ ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အများပြည်သူအသုံးပြုလျက်ရှိသည့်လမ်းများပေါ် ပိတ်ဆို့ခြင်းများ ပြုလုပ်ခြင်းကြောင့် အေးချမ်းစွာ လုပ်ကိုင်စားသောက်လျက်ရှိသော ပြည်သူများ၏ သွားလာရေး အခက်အခဲများစွာ ဖြစ်ပေါ်လျက်ရှိသည့်အပြင် ယခုအခါကာလသည် ပူပြင်းခြောက်သွေ့သည့် ရာသီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကျရောက်ချိန်တွင်လည်းကောင်း၊ ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေး အခြေအနေပေါ်ပေါက်ချိန်တွင်လည်းကောင်း ဆက်သွယ်သွားလာမှု တွင် များစွာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် အများပြည်သူများ၏ သွားလာရေးအဆင်ပြေစေရန်နှင့် သဘာ၀ဘေး အန္တရာယ်များ ကျရောက်ပါက ဆက်သွယ်သွားလာရေး အဆင်ပြေစေရန်တို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကားလမ်းများပေါ်ရှိ အတားအဆီးများကို ဖယ်ရှားရှင်းလင်းပေးကြပြီး တာဝန်သိ ပြည်သူများကလည်း ဝိုင်းဝန်းကူညီဖယ်ရှား ရှင်းလင်းပေးကြသည်။
အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများပေါ်တွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်အတူ ဆက်လက် ဖယ်ရှားရှင်းလင်းပေးမည် ဖြစ်ကြောင်းနှင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်စေရန်နှင့် ဘေးအန္တရာယ်များ ကျရောက်ရာ တွင် ကူညီပေးရာ၌ အခက်အခဲဖြစ်စေရန် အတားအဆီးများ ချထား၍ ပိတ်ဆို့မှုများအား ဆက်လက်လုပ်ဆောင်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025