နေပြည်တော် မတ် ၁၈
နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုမလိုလားသည့် လူစု လူဝေးများအနေဖြင့် မသမာသူတို့၏ နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့စခန်းများအား မီးလောင်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် မီးကွင်းပစ်ခြင်း၊ ဓာတ်ဆီပုလင်းအား မီးရှို့၍ပစ်ပေါက်ခြင်း တို့အား နေရာဒေသအချို့တို့တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် ဥပုတ်တော်ရပ်ကွက်ရှိ ရဲစခန်း မြောက်ဘက်ခြမ်းအား ၄ လမ်းဘက်မှ ဆိုင်ကယ် ၂ စီး၊ လူ ၆ ဦးတို့မှ ဓာတ်ဆီ ပုလင်းအား မီးရှို့ပစ်ပေါက်ခဲ့ရာ ရဲစခန်းဝင်းအတွင်းရှိ မိသားစုနေအိမ်လိုင်းခန်း၏ အနောက်ဘက်သို့ ကျရောက်ခဲ့သဖြင့် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက်သူ များမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း။
အလားတူ နေ့လည် ၁ နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် ၂၃ x ၂၃(B) လမ်းကြားရှိ ရဲစခန်းအား ဆိုင်ကယ်၂ စီး၊ လူ ၄ ဦးပါအဖွဲ့က အင်ဂျင်ဝိုင်နှင့် ဓာတ်ဆီ ရောထားသည့်ပုလင်းအား မီးရှု့ပစ်ပေါက်ခဲ့ရာ ရဲစခန်းအဆောက်အဦ အမိုးပေါ်သို့ ကျရောက် ခဲ့သဖြင့် ရဲစခန်းရှိတပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါ အကြမ်းဖက် ပစ်ခတ်သူများမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များတွင် ဆူပူအကြမ်းဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ရဲစခန်းများလုံခြုံရေးအတွက် တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ကာ လုံခြုံရေးရယူဆောင်ရွက်ထားရှိပြီး အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူများအား ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025