Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၁၈ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၁၇ ရက် နှင့် ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား မဏိဇောတိက ကျွဲရှင်း ကျောင်းတိုက် ဓမ္မဝိစယဗိမာန်တော်၌လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သာသနာ့ နွယ်ဝင် သီလရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် လောက်ကိုင်မြို့ အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို သတ်မှတ် နေရာအသီးသီး၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ အေးသာယာမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့နယ်။ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်။ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ လင်းခေးမြို့၊ လွိုင်လင် မြို့၊ မိုးနဲမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဘောလခဲမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို သတ်မှတ် နေရာအသီးသီး၌လည်းကောင်း၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့များအတွင်းရှိ သံဃာတော် များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို သတ်မှတ်နေရာ အသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေရာအသီးသီး၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား (ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲပြည်သူ လူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကိုသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်