နေပြည်တော် မတ် ၁၇
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအားဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင်(၆)ဦးဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားငွေစာရင်း(၃)ခုသို့ ပြည်ပနိုင်ငံများမှ NGO/INGO နှင့် အသင်းအဖွဲ့များဖြစ်သော အင်္ဂလန်နိုင်ငံ RBC Trustees(UK)မှ ပေါင်စတာလင် ၉ သိန်းကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် တရုတ်နိုင်ငံ Yunan International Non-Government Organization (YINGOs)မှ ယွမ် ၂၂သန်းခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၅သန်းကျော်အပါအဝင် အမေရိကန်နိုင်ငံမှ | Suu Foundation ၊မွန်ဂိုလီးယား၊ ချက်ရီပတ်ဗလစ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီ၊ ီ တူရကီ၊ စင်ကာပူ၊ အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံများနှင့် ထိုင်ဝမ်တို့မှ ကုမ္ပဏီများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ပြည်တွင်းရှိ အလှူရှင်များ၏ နိုင်ငံခြားငွေများဖြင့် လှူဒါန်းငွေစုစုပေါင်း အမေရိကန် ဒေါ်လာ(၇,၉၀၀,၆၄၇.၇၁)(USD ၇ ဒသမ ၉ သန်းကျော် ) ရှိပြီး ထုတ်ယူသုံးစွဲငွေအမေရိကန်ဒေါ်လာ (၆,၈၁၃,၅၈၇.၃၈)(USD၆ဒသမ၈သန်းကျော်) ဖြစ်တာလက်ကျန်ငွေ အမေရိကန်ဒေါ်လာ (၁,၀၈၇,၀၆၀.၃၃) (USD ၁ သန်းကျော်) ဖြစ်သည်။
အဆိုပါကာလအတွင်း မြန်မာကျပ်ငွေစာရင်း(၁၃)ခုသို့ ပြည်တွင်း/ပြည်ပရှိ ငွေကျပ်သိန်း(၁၀၀) အထက် အလှူရှင်(၅၁)ဦးအပါအဝင် အလှူရှင်များ၏လှူဒါန်းမှုငွေအဝင်စာရင်း စုစုပေါင်းမှာ ကျပ် (၃၆,၇၃၆,၃၂၈,၆၆၆.၃၃) (ကျပ် ၃၆ ဒသမ ၇ ဘီလျံကျော်) ဖြစ်ပြီး ငွေအထွက်စာရင်းစုစုပေါင်း မှာ | ကျပ်(၃၀,၆၉၃,၄၂၇၉၇၉) (ကျပ် ၃၀ ဒသမ ၆ ဘီလျံကျော် ) ဖြစ်ကာ လက်ကျန်ငွေကျပ် (၆,၀၄၂, ၉၀၀,၆၈၇.၃၃) (ကျပ်၆ ဒသမ ၀၄ ဘီလျံကျော်) ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ် (ကော့မှူး)၊ သမဝါယမဘဏ်(CB)၊ ဧရာဝတီဘဏ် (AYA)၊ ယူနိုက်တက်အမရဘဏ်(UAB)နှင့် ကမ္ဘောဇဘဏ်(KBZ) တို့ရှိ စာရင်းရှင်အပ်ငွေ (Current Account) (၈)ခု၏လက်ကျန်ငွေစုစုပေါင်းမှာ ငွေကျပ် (၁၇,၈၂၄,၁၈၅) (ကျပ် ၁၇ ဒသမ ၈ သန်းကျော်) ဖြစ်ကြောင်း တွေ့ရှိရသည်။
သုံးစွဲငွေများအနက်မှ နေပြည်တော်၌ လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း (HTA)နှင့် အ ထောက်အပံ့အဆောက်အဦ (Facility Site)၏ မြေဧရိယာ (၁၀၁ ဒသမ ၃၃) ဧကနှင့် | လက်တွေ့စိုက်ခင်း မြေဧရိယာ(၂၃ ဒသမ ၈၅၅)ဧက တို့၏ မြေဖိုးငွေပေးသွင်းစရိတ်များအပါအဝင် သီဟမင်းဆွေကုမ္ပဏီဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦများနှင့် ဆက်စပ်လုပ်ငန်းများ တန်ဖိုးကျပ် ၃၇,၁၇၁.၂၃ သိန်း)(ကျပ် ၃ ဒသမ ၇၁ ဘီလျံကျော်)အားသုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်း အမှတ်(၆၀)ရှိ မြေနှင့် အဆောက်အဦးအား တစ်လလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက် အထိ ၅ နှစ် ငှားရမ်းဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်မြို့ရှိ ဖောင်ဒေးရှင်းရုံးချုပ်မြေနှင့် အဆောက်အဦငှားရမ်းခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကာလတန်ဖိုးသတ်မှတ်ပေးသည့် စံနှုန်းများနှင့် အခွန်စည်းကြပ်နှုန်းထားများအရ တွက်ချက်မည်ဆိုပါက တစ်နှစ်လျှင် ငွေကျပ် (၂၆၀၇ ဒသမ ၁၀) သန်း (ကျပ်၂ ဒသမ ၆ ဘီလျံ) နစ်နာမှုရှိကြောင်း၊ အလားတူ ပုဂ္ဂလိက အိမ်၊ ခြံ၊ မြေ ရောင်းဝယ်လုပ်ငန်းများ၏ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ငှားရမ်းခ နှုန်းထားများအရ တွက်ချက်မည် ဆိုပါက တစ်နှစ်လျှင် ငွေကျပ် (၁,၄၄၀.၃၈၉)သန်း (ကျပ် ၁၄ ဘီလျံ) နစ်နာမှုရှိကြောင်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ သုံးသပ်ချက်အရ သိရှိရပါသည်။
ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေအဆောက်အဦတည်ရှိရာဒေသ၏ ကာလပေါက်ဈေးနှုန်း အတိုင်းသတ်မှတ်ရန်၊ နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေး အထောက်အကူပြုစေရန် ဦးစားပေး ဆောင်ရွက်သင့်သောလုပ်ငန်းဖြစ်ပါက ငှားရမ်းခကို ကာလပေါက်ဈေးဖြင့် သတ်မှတ်ခြင်းကို လျှော့ပေါ့စဉ်းစားနိုင်ကြောင်းနိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် ညွှန်ကြားချက်အရ ဖော်ပြထားသော်လည်း အဆိုပါညွှန်ကြားချက်မှာ လူမှုရေးအဖွဲ့ အစည်းနှင့် သက်ဆိုင်မှုမရှိကြောင်း၊ တွေ့ရှိရသည်။
နေပြည်တော်ရှိ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း (HTA)၊ Facility Siter လက်တွေ့စိုက်ခင်းတို့နှင့် ပတ်သက်၍ တစ်ဧကငွေကျပ်သိန်း(၅၀)နှုန်းဖြင့် ဝယ်ယူခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်သီရိ(၅) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ ပြည်ထောင်စုနယ်မြေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေရောင်း/ ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ လမ်းကျယ်သတ်မှတ်နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ်(၂၆,၄၃၇.၆၇၅)သန်း (ကျပ် ၂၆ ဒသမ ၄၃ ဘီလျံ)၊ အတွင်းလမ်း သတ်မှတ်နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ် (၁၈,၁၅၁. ၈၂၅)သန်း (ကျပ်၁၈ ဒသမ၁၅ ဘီလျံ)ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် သက်သာမှုရရှိခဲ့ကြောင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သုံးသပ်ချက်အရ တွေ့ရှိရသည်။
နေပြည်တော်၊ လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း (Horticulture Training Academy-HTA)၌ (၁၀၅x၆၄)ပေနှင့် (၁၄၄x၅၆)ပေရှိ ပုံသဏ္ဌာန်(၁)ထပ်တိုက် အထောက်အပံ့အဆောက်အဦ (Facility Site) ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဖောင်ဒေးရှင်းပိုင်မြေဧရိယာပေါ်တွင် ကျပ် ၁ ဒသမ ၀၆ ဘီလျံအကုန်အကျခံ၍ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန်အတွက် လူနေအိမ်ဆောက်လုပ်ပြီး နောင် တစ်ချိန်တွင် ပြတိုက်အဖြစ် အသုံးပြုရန်ရည်ရွယ်ခဲ့ကြောင်း သီဟမင်းဆွေကုမ္ပဏီ၏ ထွက်ဆိုချက်အရ သိရှိရသည်။
သို့ဖြစ်၍ နိုင်ငံတော်ပိုင်မြေသုံးစွဲမှုနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ထိုက်သင့်သည့် အခကြေးငွေ မရရှိဘဲ နစ်နာမှုရှိခြင်း၊ ဖောင်ဒေးရှင်းပိုင် အလှူငွေများကိုအသုံးပြု၍ ဖောင်ဒေးရှင်းဥက္ကဋ္ဌ နေထိုင်ရန် လူနေအိမ်အဆောက်အဦဆောက်လုပ်ခြင်းမှာ ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက် ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့်ဘဏ္ဍာရန်ပုံငွေ သုံးစွဲမှုမျိုးဖြစ်သဖြင့် မူလရည်ရွယ်ချက်နှင့် ကိုက်ညီမှုမရှိခြင်းတို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သုံးသပ်ချက်အရ စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အလှူငွေလက်ခံရရှိမှု သုံးစွဲမှုနှင့်လက်ကျန်ငွေအခြေအနေများအား အသေးစိတ်စစ်ဆေးလျက်ရှိရာ စစ်ဆေးပြီးစီးပါက အသေးစိတ် အချက်အလက်များ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်