Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ နေ့ဆွမ်း၊ အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော် မတ် ၁၇ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိစစ်သည် အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း၊ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသ ကြီး မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နှင့် ကလေးမြို့တို့ရှိဘုန်းတော် ကြီးကျောင်းများနှင့် စာသင် တိုက်များ စုစုပေါင်း ၅ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ COVID- 19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ်နှင့် ကလေးမြို့၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၁၂ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၊ အားနေ့ဆွမ်းနှင့်အရုဏ်ဆွမ်းများ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မြို့သစ်ရပ်ကွက်ရှိ ကြည်သာအေးမြ ဘုန်းတော်ကြီးကျောင်း ဆရာ တော် ဘဒ္ဒန္တကောသလ္လအမှူးပြုသော သံဃာတော်များအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက အဆိုပါကျောင်း တိုက်သို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းအပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ နိဓာရုံညောင်ပင်သာ ပရိယတ္တိစာသင် တိုက်များရှိ ဆရာတော်၊ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဘိုးဘွားများအား တပ်မတော်မှ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ပေး သည်။ ယင်းသို့ဆောင်ရွက်ပေးနေ မှုများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်