Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲကင်းစခန်းအား မသမာသူတချို့က မီးကွင်းပစ်ကျွန်းလှ-ကောလင်း ကားလမ်းပေါ်ရှိ ဒေါင်းမြူးချောင်းကူးတံတားကို မီးရှို့ဖျက်ဆီး

နေပြည်တော် မတ် ၁၇ ပြည်သူလူထု၏အေးချမ်းသာယာ စွာ နေထိုင်စားသောက်မှုကို မလို လားသည့် မသမာသူတို့အနေဖြင့် နောက်ကွယ်မှ သွေးထိုးစည်းရုံး လှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ် ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံ ရေး တပ်ဖွဲ့ဝင်များအား ထိပ်တိုက် ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်း၊ မီးရှို့ခြင်း များကို တစ်နေ့တခြား ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်ကို တွေ့ရှိ ရသည်။ ထိုသို့ အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိရာ မတ် ၁၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ် ကျောက်ရစ်နယ်မြေရဲကင်းစခန်း ကို အကြမ်းဖက်သူတစ်ဦးက ခြံစည်းရိုးအပြင်ဘက်မှ ဓာတ်ဆီ ဆွတ်ထားသည့် မီးကွင်းဖြင့် ပစ်ခတ်မီးရှို့ခဲ့သည်။ ထိုသို့ လုပ်ဆောင်လာသူအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရော်ဘာကျည် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မီးကွင်း လာရောက်ပစ်ခတ်သူကျောက်ရစ် ကျေးရွာနေ မြင့်ဇော်ဦး (၃၉ နှစ်) (ဘ) ဦးငွေဌေး အား ဖမ်းဆီးရမိ ခဲ့ပြီး တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်။ ထို့အတူ ယနေ့နံနက် ၁ နာရီ ခန့်တွင်လည်း ကျွန်းလှမြို့နယ် ကျွန်းလှ-ကောလင်း ကားလမ်း မိုင်တိုင် အမှတ် ၃၄ နှင့် ၃၅ ကြား ရှိ ဒေါင်းမြူးချောင်း သစ်သား ဘေလီတံတားကို တုတ်၊ ဓားများ ကိုင်ဆောင်ထားသော မသမာသူ လူတစ်စုက ကားတာယာများ၊ အမှိုက်များဖြင့် စုပုံမီးရှို့ ဖျက်ဆီး ခဲ့ကြောင်း။ (အောက်ပုံ) ထိုသို့ မီးရှို့ မှုကြောင့် တံတားကြမ်းခင်းနှင့် သစ်သားဘောင်များ မီးလောင် ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ် များ ဖြတ်သန်းသွားလာ၍ မရနိုင် တော့သဖြင့် ကန့်ဘလူခရိုင်လမ်း ဦးစီးဌာနမှ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အများပြည်သူသွားလာအသုံး ပြုလျက်ရှိသည့် လမ်းကြောင်း များကို ပိတ်ဆို့စေရေး၊ ဆက်သွယ် မှုပြတ်တောက်အောင်လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်လုပ်ရပ် ကျူး လွန်သူများကို ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်အမှုဖွင့်လှစ်အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်