Skip to main content

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းစည်းဝေး

မြစ်ကြီးနား မတ် ၁၇ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM တွင် ပါဝင်သော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကိုမတ်၁၆ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယနေ့ ဌာန ဆိုင်ရာအသီးသီးတွင် အခြေအနေ အရပ်ရပ်ကြောင့် CDMတွင်ပါဝင်သော ဝန်ထမ်းများရှိသကဲ့သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ခုမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းများ CDM ဆောင်ရွက်နေမှု အခြေအနေ၊ ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ (အရေးယူဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လာမှုအခြေအနေနှင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရေး စည်းရုံးလှုံ့ ဆော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဌာနဆိုင်ရာများ၏ တင်ပြချက်များ အပေါ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့ဝန်ထမ်းများ အား မိမိတို့သားသမီးများကဲ့သို့ စည်းရုံးဆက်သွယ် ဆောင်ရွက်နေမှု အခြေအနေကို သိရှိရသည့် အတွက် ဝမ်းမြောက်မိကြောင်း၊ သို့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့်ဆောင်ရွက် ရသည့်အတွက် ညွှန်ကြားချက်များကို အလေးထား လိုက်နာဆောင်ရွက် သွားကြရေးကို ထပ်မံ တိုက်တွန်း လိုကြောင်း မှာကြားသည်။ ပြည်နယ် (ပြန်/ဆက်)