တောင်ကြီး မတ် ၁၇
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၁၆ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယခုလက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးပေးနေကြောင်း၊ စဝ်စံထွန်းဆေးရုံ၌ ဆရာ ဆရာမနှင့် အခြားဝန်ထမ်း ၁၂၅ ဦး ပြန်လည် တက်ရောက်နေပြီဖြစ်ကြောင်း၊ အမျိုးသမီးနှင့် ကလေးဆေးရုံကိုလည်း ပြန်လည်ဖွင့်လှစ် နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ CDM တွင် ပါဝင်လာအောင် နည်းအမျိုးမျိုးဖြင့် မဲဆွယ်သောကြောင့် ဝန်ထမ်းငယ်များ ပါလာကြောင်း၊ ရုံးဝန်ထမ်းများ ခြိမ်းခြောက်မှုခံရပြီး မှားယွင်းမှုများ ရှိခဲ့သော်လည်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက ဌာနဆိုင်ရာများအနေဖြင့် ပြန်လည် လက်ခံပေးရန် မှာကြားလိုကြောင်း၊ ကမ္ဘောဇဘဏ်ဝန်ထမ်းများလည်း ပြန်လည်၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးလှဦး၊ အဖွဲ့ ဝင် (၂) ဦးခွန်သိန်းမောင်နှင့် တက်ရောက် လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)