နေပြည်တော် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက် ဆန္ဒပြလူစုလူဝေး များက လမ်းမများပေါ်တွင် ပိတ်ဆို့ထားသော အတားအဆီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ။
ယင်းသတင်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တောင်ရပ်ကွက်၊ ဗားကရာလမ်းနှင့် ဒဂုံစင်တာရှေ့၊ ကြည့်မြင်တိုင်နှင့် လှိုင်သာယာ အနောက်မြို့နယ်များ အတွင်းရှိ လမ်းမများပေါ်တွင် ဆူပူအကြမ်းဖက် လူစုလူဝေးများမှ အများပြည်သူသွားလာ၍ မရစေရန်၊ မီးဘေးအန္တရာယ်အတွက် မီးငြိမ်းသတ်ရန် သွားရောက်မည့် မီးသတ်ယာဉ်များ သွားလာ၍မရ စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့များ အလွယ်တကူ သွားလာ၍ မရစေရန် စသည့် ရည်ရွယ်ချက်အမျိုးမျိုး ဖြင့် လမ်းမများပေါ်တွင် တာယာကွင်း များ၊ သဲအိတ်များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများ၊ သံချောင်းများ အစရှိသည့် ပစ္စည်းမျိုးစုံကို အသုံးပြုကာ လမ်းပိတ်ဆို့ထားရှိမှုများကို ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။ ဖော်ပြပါကဲ့သို့ ဆောင်ရွက်နေမှုများသည် စည်ပင်သာယာရေး ဥပဒေအရသော်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေအရသော် လည်းကောင်း ဥပဒေနှင့် ငြိစွန်းလျက်ရှိနေကြသည်ကို ဂရုမပြုဘဲ “အများနှင့် လုပ်ဆောင်ပါက အရေးယူ၍မရနိုင်” ဆိုသည့် အတွေးအခေါ် အယူအဆ အမှားများကို သွေးထိုးလှုံ့ဆော်ရိုက်သွင်းကာ နိုင်ငံတော် ဆန့်ကျင်ရေးကို ဆောင်ရွက်နေကြကြောင်း။
ထိုကဲ့သို့ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများရှိနေခြင်းအား လက်မခံနိုင်သည့် လုံခြုံတည်ငြိမ်အေးချမ်းသာယာရေးကို လိုလား ကြသည့် ပြည်သူလူထုများ၏ တောင်းဆိုမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ အချို့သော နေရာများတွင် ပြည်သူလူထုအချို့က ၎င်းတို့၏ သဘောဆန္ဒဖြင့် ပူးပေါင်းပါဝင်ကာ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများကို ယာဉ်/ယန္တရားများဖြင့် ရှင်းလင်းခြင်းကို ယနေ့တွင် စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025