နေပြည်တော် မတ် ၁၇
နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန် ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ် ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လုံခြုံရေးစခန်း များအား မီးကွင်းပစ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်း များ လုယူခြင်းနှင့် ရဲကင်းစခန်းများအား အသိဉာဏ် ဆင်ခြင်တုံ တရားကင်းမဲ့စွာ ဝင်ရောက်စီးနင်းရန် ကြံစည်အားထုတ်နေမှုများကို တွေ့ရှိနေရသည်။
ယနေ့တွင် မြို့နယ်အချို့၌ ဆူပူအော်ဟစ် ဆန္ဒ ပြမှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်းခဲ့ရပြီး ဖြစ်စဉ်များ တွင် ပါဝင်သူ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၄၈ ဦးတို့ကို ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
ဖော်ပြပါကဲ့သို့ ဆူပူအကြမ်းဖက်မှု ပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေမှုများသည် လူငယ်ထုကို ဗဟိုပြု မြှောက်ပင့် ဆောင်ရွက်နေကြပြီး နောက်ကွယ်မှ စေခိုင်းသူများအနေဖြင့် အန္တရာယ်လွတ်ကင်းသော နေရာတွင် ပုန်းခိုကာ အခြားသော အထောက်အပံ့ များကို အေးချမ်းသာယာစွာခံစားနေထိုင်နေကြသည် ကို တွေ့မြင်ကြားသိနေရသဖြင့် အချို့သော လူငယ် ထုအနေဖြင့် ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် ယခင်ကထက်ပါဝင်လာမှု လျော့နည်း လာသည်ဟု နိုင်ငံအရေးလေ့လာသူများက သုံးသပ်ထားကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

24 Jun, 2025