လွိုင်ကော် မတ် ၁၇
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၆ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး(ခ)ဘူးရယ်က မိမိတို့မြန်မာ နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်အဆင့် စည်ကား သိုက်မြိုက်စွာကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေများကြောင့် နိုင်ငံတော်အဆင့် စုစည်း၍ စည်ကားသိုက် မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် နိုင်ငံတော် အဆင့်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ချီးမြှင့် ဆက်ကပ်ခြင်းခံရသည့်ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား မိမိတို့ပြည်နယ်မှ ထပ်ဆင့်ချီးမြှင့် ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ဦးစန်းဝေက မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာကြသည့် သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးက ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)