Skip to main content

ကောလင်းမြို့နယ် ခံသာနယ်မြေရဲစခန်းကို လူစုလူဝေးများက အကြမ်းဖက်ဝင်ရောက်စီးနင်းတိုက်ခိုက်

နေပြည်တော် မတ် ၁၇ ကောလင်းမြို့နယ် ခံသာနယ်မြေ ရဲစခန်းကို လူစုလူဝေးများက အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အရ ကောလင်းမြို့ နယ်၊ ညောင် ပင်သာ၊ ရှမ်းကုန်းနှင့် ကညွှတ် အင်းကျေးရွာတို့မှ ဆူပူအကြမ်း ဖက်သူ လူစုလူဝေးအင်အား ၁၀၀ ခန့်သည် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် တုတ်၊ ဓား၊ တူမီး သေနတ်များ ကိုင်ဆောင် ကာ ခံသာရဲကင်း စခန်းအား လာရောက်ရန်ပြု အကြမ်းဖက် တိုက်ခိုက်ခဲ့ကြကြောင်း။ ပြန်လည်ပစ်ခတ်မှုမရှိ ထိုသို့ လာရောက်ရန်ပြု အကြမ်းဖက် တိုက်ခိုက်ချိန်တွင် ရဲကင်းစခန်း၌တပ်ဖွဲ့ဝင်အင်အား နည်းပါးသော်လည်း ကိုယ်စီ တပ်ဆင်ပေးထားသော မောင်းပြန် ရိုင်ဖယ်များဖြင့် ပြန်လည်ခုခံ ပစ်ခတ်ပါက မလိုလားအပ်သော ထိခိုက်သေကျေဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေနိုင်သည့် အတွက် တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်မှုမရှိဘဲ လက်နက်ခဲယမ်း အချို့ကို လုံခြုံသောနေရာတွင် သိမ်းဆည်းထားရှိခဲ့ပြီး အကြမ်း ဖက်လူအုပ်စုနှင့် ကင်းလွတ်ရာသို့ | တိမ်းရှောင်ခဲ့ရကြောင်း။ ရဲကင်းစခန်းကို အကြမ်းဖက် တိုက်ခိုက်ခံရသည်ကို သတင်းရရှိ ချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် သွားရောက်ခဲ့ရာ ည ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ရဲကင်း စခန်းသို့ ရောက်ရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးကို ရှာဖွေတွေ့ရှိရကာ တစ်ဦးတွင် ဦးခေါင်းထိပ်၊ ယာပုခုံး၊ လက်ခွကြား ပြတ်ရှဒဏ်ရာများ ရရှိထား၍ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီး ရဲကင်းစခန်းအကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် တပ်ဖွဲ့ ဝင်များ သိမ်းဆည်းထားရှိခဲ့သည့် လက်နက် ခဲယမ်းများအနက်သေနတ် ၁ လက်နှင့် ဆက်စပ် ခဲယမ်း အချို့ပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက် ရှိကြောင်း။ ။ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် ဖြစ်စဉ်၌ ရဲကင်းစခန်းကို အကြမ်းဖက် ရန်ပြုတိုက်ခိုက်ရာတွင် ဦးဆောင်ပြုလုပ်ခဲ့သူ ကျောက်ပုထိုးကျေးရွာနေ သာရှိန်၊ ဖိုးဇော်နှင့် ခံသာကျေးရွာနေ ဝင်းဗိုလ်တို့ ၃ ဦးကို ဖမ်းဆီးရမိ ခဲ့ကာ ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း။ အလားတူ ယနေ့နံနက် ၉ နာရီတွင် ခံသာရဲကင်းစခန်း၌ လုံခြုံရေးဖြည့်တင်း ဆောင်ရွက် နိုင်ရန်အတွက် ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သွား ရောက်ခေါ်ဆောင်သည့် ဒုရဲမှူး ဦးစီး လုံခြုံရေးအဖွဲ့ဝင်များသည်ကောလင်းမြို့နယ်၊ ခံသာကျေးရွာ နှင့် ကျောက်တန်းကျေးရွာ လမ်းဆုံအရောက်၌ ခံသာ ကျေးရွာဘက်မှ ကျောက်တန်း ကျေးရွာဘက်သို့ သိန်းဇော် (၄၇) နှစ် (ဘ)ဦးအောင်ဒင်နှင့် ညိုလင်း (၃၉) နှစ် (ဘ) ဦးမောင်ငွေ တို့သည် ဓားရှည်ကိုယ်စီ လွယ်လျက် ဆိုင်ကယ် မောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သော စုံစမ်း မေးမြန်းမှုများ ဆောင်ရွက်နိုင်ရန် အတွက် တားဆီးစဉ် ရပ်တန့်ပေး ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သဖြင့် သတိပေးပစ်ခတ်ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်