ရန်ကုန် မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အင်းစိန်လမ်းမ ပေါ်၌ နှောင့်ယှက်လိုသူများက ပိတ်ဆို့တားဆီးထားသော အတားအဆီးများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများပါဝင်သော ပူးပေါင်း အင်အားဖြင့် ရှင်းလင်းနေမှုအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါက်တာ ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့ သွားရောက် ကြည့်ရှုသည်။
ထိုသို့ရှင်းလင်းရာတွင် လှိုင်မြို့နယ် အင်းစိန် လမ်းမကြီး (သီရိရတနာဈေးရှေ့မှ သုခလမ်းအထိ) အတားအဆီးများနှင့် လမ်းသွယ်များမှ အတားအဆီး များကို ရှင်းလင်းဖယ်ရှားပြီး တာဝန်ထမ်းဆောင် နေသူများအား ရပ်ကွက်နေအလှူ ရှင်ပြည်သူများမှ ရေသန့်၊ အချိုရည်၊ မုန့်နှင့်အသီးအနှံများ စေတနာ ထက်သန်စွာ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလားတူ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ် အောင်ဆန်းလမ်း (ဗိုလ်မြတ်ထွန်းလမ်းနှင့် သိမ်ဖြူ လမ်းကြား)၊ ဗိုလ်မြတ်ထွန်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား) ရှိ အတားအဆီး (၅) ခုကို Loader (၁)စီး၊ Tipper ယာဉ် (၂) စီးဖြင့် သိမ်းဆည်း၍ ရန်ကုန်မြစ်ကမ်းဘေး သို့လည်းကောင်း၊ တာမွေမြို့နယ် ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း Y တံတားရှိ အတား အဆီးများကို Tipper ယာဉ် (၂) စီးဖြင့် သိမ်းဆည်း၍ ကျိုက္ကဆံ အားကစားကွင်းအတွင်းရှိ စွန့်ပစ်အမှိုက်ပုံသို့ လည်းကောင်း၊ အလုံမြို့နယ် အလုံလမ်း (အောက် ကြည့်မြင်တိုင်လမ်းနှင့် ငုဝါလမ်းကြား) ရှိ အတား 3əə8:47:08 Loader (3) 8: Tipper () 8:G? သိမ်းဆည်း၍ မင်းရဲကျော်စွာလမ်း အမှိုက်ပုံသို့ လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရား လမ်း (မင်းဓမ္မလမ်းနှင့် အင်းစိန်လမ်းကြား) ရှိ အတားအဆီးများကို Dozer (၁) စီး၊ မော်တော်ယာဉ် (၃) စီးဖြင့် သိမ်းဆည်း၍ ကျိုက်ဝိုင်းဘုရား ဘောလုံး
ကွင်းသို့လည်းကောင်း၊ ဗဟန်းမြို့နယ် ဦးချစ်မောင် လမ်း၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် အရှေ့ ရွှေဂုံတိုင်လမ်း (သာသနာ့ ရိပ်သာလမ်းနှင့် အနောက် မြင်းပြိုင်ကွင်းလမ်းကြား) ရှိ အတားအဆီးများကို ယာဉ် (၅) စီးဖြင့် သိမ်းဆည်း၍ သာသနာ့ရိပ်သာ လမ်း အမှိုက်ကန်သို့လည်းကောင်း၊ ကျောက်တံတား မြို့နယ်အနော်ရထာလမ်း(ဗိုလ်အောင်ကျော်လမ်းနှင့်
ပန်းဆိုးတန်းလမ်းကြား)၊ဗိုလ်အောင်ကျော်လမ်းထိပ်၊ ၃၉ လမ်းထိပ်၊ ၃၈ လမ်းထိပ်၊ ၃၇ လမ်းထိပ် ပိတ်ဆို့ ထားသော အတားအဆီးများကို ယာဉ်(၅) စီးဖြင့် သိမ်းဆည်း၍လည်းကောင်း စွန့်ပစ်ခဲ့သည်။
ထို့ပြင် ရန်ကင်းမြို့နယ် ရန်ကင်းလမ်း၊ ရန်ရှင်း လမ်း၊ မိုးကောင်းလမ်း (သစ္စာလမ်းနှင့် အောင်ဇေယျ လမ်းကြား)၊ ကမ္ဘာအေးဘုရားလမ်း၊ ပါရမီလမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်း၊ စက်မှု (၁) လမ်း (ဗဟိုဘဏ်)ရှေ့ရှိ သံဆူးကြိုးဂိတ်များ၊ သဲအိတ်များ၊ မြေကြီး အိတ်များ၊ အုတ်ခဲကျိုးများ၊ သစ်တိုသစ်စ၊ ကျောက်ခဲများ၊ ကားတာယာအဟောင်းများ၊ ဝါးကပ် များ၊ ဝါးလုံးများ၊ မဆလာဖျော်စက်အဟောင်းများ၊ သွပ်ပြားများ၊ သံဖရိန်တန်းများဖြင့် စုစုပေါင်း (၄၁) နေရာတွင် ပိတ်ဆို့ထားရာ ပူးပေါင်းရှင်းလင်းအဖွဲ့မှ ရှင်းလင်းဆောင်ရွက်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် လမ်းအသုံးပြုသူ ပြည်သူများသွားလာရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025