Skip to main content

မကွေးမြို့၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေး မတ် ၁၇ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအောင်မြင် စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အောက်ထပ်အစည်း အဝေးခန်းမ၌ မတ် ၁၅ ရက်က ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်က အမှာစကား ပြောကြားပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် (၄) ဦးစိုးပိုင်မြင့်က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အောင်မြင် စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် အခမ်းအနား ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများက မိမိတို့ ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တင်ပြ ဆွေးနွေးမှုများအပေါ်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များ မှာကြားသည်။ အဆိုပါ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မတ် ၂၇ ရက်တွင် မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်၌ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၃၈ပါး၊ သီလရှင် လေးပါးနှင့် လူပုဂ္ဂိုလ် တစ်ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။