ပဲခူး မတ် ၁၇
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့က တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း က သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ်တော်များအား မတ် ၂၇ ရက်တွင် ကျင်းပနိုင်ရေး ကြိုတင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီးအဆင့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်မည့် အခမ်းအနားဖြစ်သည့် အတွက် ဘက်ပေါင်းစုံမှ ပြည့်စုံအောင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း၊ ကြွရောက်လာ ကြမည့် ဆရာတော်များနှင့် သီလရှင်များအတွက် ခေတ္တသီတင်းသုံးမည့်နေရာများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှု ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ အခမ်း အနား အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဆပ်ကော်မတီများ အနေဖြင့် ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အခမ်းအနားအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီ ကျင်းပဆောင်ရွက်ရန် ပြောကြားသည်။ ထို့နောက် ဘဏ္ဍာရေးဆပ် ကော်မတီ၊ အခမ်းအနားပြင်ဆင် ရေး ဆပ်ကော်မတီ၊ သံဃာတော် များ ကြိုဆိုပင့်ဆောင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ဆွမ်း ဆက်ကပ်ရေး၊ ဧည့်ခံရေးနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီနှင့် တည်းခိုနေထိုင်ရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက လုပ်ငန်းကြိုတင်စီစဉ် ဆောင်ရွက်နေမှု အခြေအနေ များကို တင်ပြခဲ့မှုအပေါ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌကောင်စီဝင်(၄)က ဖြည့်စွက် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် မှာကြားကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025