မော်လမြိုင် မတ် ၁၇
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပုဂ္ဂလိကပိုင်ဘဏ်များကို ဖေဖော်ဝါရီလမှစတင်ကာ ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဇဘဏ် (ဈေးကြိုဘဏ်ခွဲ) ပြန်လည်ဖွင့်လှစ်၍ ပြည်သူများ အေးချမ်းစွာ ငွေသွင်းငွေထုတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဇဘဏ် (ဈေးကြိုဘဏ်ခွဲ)တွင် ငွေသွင်းငွေထုတ် ခြင်းကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပြည်သူတစ်ဦးကို တစ်ပတ်လျှင် ငွေကျပ်သိန်း ၂၀၊ ဌာန | ဆိုင်ရာများနှင့် အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် ငွေကျပ်သိန်း ၂၀၀ ထုတ်ပေးသွားမည်ဖြစ်သည်။
ကမ္ဘောဇဘဏ် (ဈေးကြိုဘဏ်ခွဲ)အပြင် အခြားပုဂ္ဂလိကပိုင်ဘဏ်ခွဲ များကိုလည်း မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025