Skip to main content

သုခတော်ဝင်အိမ်ရာ ဒုတိယအဆင့် ဆောက်လုပ်ပြီးစီးသည့်တိုက်များမှ ငွေပေးသွင်းပြီးသော တိုက်ခန်းတို့အား မဲနှိုက်နေရာချထား

နေပြည်တော် မတ် ၁၇ နေပြည်တော်စည်ပင်သာယာရေးကော်မတီသုခတော်ဝင်အိမ်ရာတွင် ဒုတိယအဆင့် ဆောက်လုပ်ပြီးစီးသည့် တိုက်များမှငွေပေးသွင်းပြီးသော မြေညီထပ် အခန်း (၃၀)၊ ပထမထပ် (၂၂)ခန်းနှင့် ဒုတိယထပ် (၁၄)ခန်း၊ စုစုပေါင်း (၆၆) ခန်းတို့အား မဲနှိုက်နေရာချထားခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ သုခတော်ဝင်အိမ်ရာတည်ဆောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ငွေပေးသွင်းပြီးသော တိုက်ခန်းဝယ်ပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ သုခတော်ဝင်အိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက မဲနှိုက်မည့် မဲအရေအတွက်များကို စိစစ်ရေတွက်ခြင်း၊ လျှောက်ထားသည့် အမှတ်စဉ်အလိုက် တစ်ဦးချင်း မဲနှိုက်နေရာချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်