Skip to main content

၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက် ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ရက်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာတို့အား ( တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ သို့လွှဲအပ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ၄၁၉အရတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီ လ ၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၂ရက်၊ ၉ ရက်၊ ၂၃ ရက်နှင့် ၂၆ ရက်စွဲပါ အမိန့်များဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥက္ကဋ္ဌ ဦးသိန်းစိုး၊ အဖွဲ့ဝင် ၁၄ ဦး၊ စုစုပေါင်း ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ထမ်းဆောင် ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်ကို ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ အနက် လုပ်ငန်းစဉ် ၁ ဖြစ်သည့် “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်” နှင့် ရှေ့လုပ်ငန်းစဉ်၅ ဖြစ်သည့် “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်အညီနိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသောလုပ်ငန်းစဉ်နှစ်ရပ်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုက်ရိုက် သက်ဆိုင်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် လက်ရှိဆောင်ရွက်ချက်များကို အပိုင်း ၃ ပိုင်းခွဲ၍ ရှင်းလင်းတင်ပြသွား မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းအပိုင်း၊ ဆန္ဒမဲ လက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းအပိုင်းနှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အပိုင်း တို့ ဖြစ်ကြောင်း၊ ပထမဦးစွာ မဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းအပိုင်းနှင့်စပ်လျဉ်း ၍ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်း စိစစ်ချက်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၁၉၇၇၈၅ ဦးအနက် မဲမသမာမှု ပြုနိုင် ဖြစ်နိုင်သည့် မဲစာရင်း ၁၀၄၈၂၁၁၆ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၈.၁၇ % တွေ့ရှိရ သည်ကို အသေးစိတ် ထုတ်ပြန်ခဲ့ကြောင်း၊ ဖော်ပြပါစိစစ်ခဲ့သည့် မဲဆန္ဒရှင်စာရင်း သည် ဒုတိယအကြိမ် မဲစာရင်း ကပ်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကို ဖြန့်ဝေသည့်မဲစာရင်း PDF များကို အခြေခံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းစိစစ် တွေ့ရှိချက်များမှာ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် အသုံး ပြုခဲ့သော နောက်ဆုံးမဲစာရင်း(Soft Copy) များကို တောင်းခံရယူပြီးနောက် စိစစ်ထုတ်ပြန်သည့် စာရင်းဇယားများဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၀ ရက်အထိ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၉ ခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်၊ မဲရုံပေါင်း ၃၁၂၈ ရုံကို စိစစ်ခဲ့ရာတွင် မြို့နယ်ကော်မရှင် စာရင်းအရ မဲဆန္ဒရှင် ၃၅၁၇၆၄၇ ဦး ဖြစ်သော်လည်း လဝကစာရင်းအရ ၂၇၉၄၈၈၃ ဦးသာ ရှိသည်ကိုတွေ့ရကြောင်း၊ ၎င်းတို့အနက်နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၉၈၄၄၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း၃ကြိမ်နှင့်အထက် ပါဝင်နေသူ ၂၆၃၄၅ ဦး၊ နိုင်ငံသား စိစစ် ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်ပါဝင်သူ ၃၂၅၅၃၀ ဦးဖြစ်ကြောင်း၊ စိစစ်တွေ့ရှိချက်အရ နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင်ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူစုစုပေါင်း ၇၅၀၃၁၉ ဦးရှိကြောင်း တွေ့ရှိရသဖြင့် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်၏ ၂၁.၃၃ % ဖြစ်ကြောင်း၊ ယခုစစ်ဆေးမှုမှာ တစ်မြို့နယ် ချင်း အလိုက် စစ်ဆေးတွေ့ရှိမှုများသာဖြစ် ပြီး မြို့နယ်တစ်မြို့နယ်နှင့် အခြား တစ် မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု နှင့် အခြားတစ်ခု စစ်ဆေးမှုဖြစ်သည့် (Cross Check)odes:qop:0l olool က ယခုထက်ပိုမိုများပြားနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါမြို့နယ် ၂၁ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းများအပေါ်တပ်မတော်၏ စိစစ်ချက်များနှင့် ကော်မရှင် ၏ စိစစ်ချက်များကို နှိုင်းယှဉ်ရာတွင် စိစစ်ရသည့် အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက် အရ ခြားနားချက်အချို့ ရှိခဲ့ ပြီး ကော်မရှင်က စိစစ်တွေ့ရှိမှု အရေ အတွက်က ပိုမိုများပြားလျက် ရှိကြောင်း၊ ခြားနားချက် ပေါင်းချုပ်အနေဖြင့် ကိုင်ဆောင်သည့်လက်မှတ် တစ်မျိုးမျိုး (မှတ်ပုံတင်)မရှိဘဲ မဲစာရင်းတွင်ပါဝင်သူ ၃၀၄၅၈ ဦး၊ တစ်ကြိမ်ထက် ပို၍ မဲစာရင်း တွင်ပါဝင်သူ (ထပ်နေသောမဲစာရင်း) ၁၄၂၃၈၁ ဦး ပိုမိုစိစစ်တွေ့ရှိရကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ခဲ့သော မြို့နယ်၂၁ မြို့နယ်အနက် တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်နှင့်ပျော်ဘွယ်မြို့နယ်တို့ကို စိစစ်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိဘဲ မဲစာရင်း တွင်ပါဝင်နေသူ ၅၉၄၂၃ ဦး၊ နိုင်ငံသားစိစစ် ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၃ ကြိမ်နှင့်အထက် ပါဝင်နေသူ ၈၃၉၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ် ပါဝင်နေသူ ၈၁၇၉၄ ဦး၊ စုစုပေါင်း ၁၄၉၆၁၂ ဦး၏ စာရင်း အသေးစိတ်ကို လက်တွေ့ကြည့်ရှုစစ်ဆေး နိုင်ရန် နမူနာအဖြစ် ခင်းကျင်းပြသထား ပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ဒုတိယပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ထုတ်ပြန်မှု အခြေ အနေများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ( ၁၀ ရက်အထိ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်ရှိ မဲရုံပေါင်း ၁၈၂၇ ရုံ၏ ဆန္ဒမဲ လက်မှတ်များကိုပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင် များ၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများပါရှိသော ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးမှုစာရင်းချုပ ်အရထုတ်ယူ ရရှိသည့်မဲလက်မှတ်ပေါင်း ၂၄၉၂၄၂၃ စောင် အသုံးပြုသည့် မဲလက်မှတ် ၁၇၃၈၃၃၃စောင်၊ ကျန်ရမည့် မဲလက်မှတ် အရေအတွက် ၇၅၄၀၉၀ စောင် ဖြစ်သော် လည်း မြေပြင်လက်ကျန် ၇၀၆၄၈၆ စောင်သာရှိပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံး ၇၇၀၈၅ စောင်နှင့် အပို ၂၉၄၈၁ စောင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့စစ်ဆေးရာ မြို့နယ်အချို့တွင်တွေ့ရှိရမှုအချို့ကို ထုတ်နုတ်တင်ပြမည် ဖြစ်ပါကြောင်း၊ တပ်ကုန်းမြို့နယ်၊ ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု၊ မဲရုံနှစ်ရုံရှိကြိုတင်ဆန္ဒမဲလက်မှတ် လက်ကျန် ( မဲလက်မှတ် ၂ စောင်တွင် မဲဆန္ဒရှင် ဦးအောင်ကြည်၊ မဲစာရင်းအမှတ် ၁၇၇၃ နှင့် ဒေါ်ဂျမ်းတင်၊ မဲစာရင်း အမှတ် ၁၇၇၄ တို့က ဆန္ဒပြုတံဆိပ်တုံးရိုက်နှိပ် ပြီး လက်ဗွေနှိပ်ပြီးဖြစ်သော်လည်း ( မဲလက်မှတ် လက်ခံ အတိုင်း ကျန်ရှိနေပြီး အခြားမဲလက်မှတ် လက်ခံဖြတ်ပိုင်းများ တွင် ထပ်မံမဲပေး ထားသည်ကို တွေ့ရှိရ ကြောင်း၊ တင်ပြလိုသည့် အချက်မှာ ( မဲလက်မှတ်ကို မဲဆန္ဒရှင်ကထုတ်ယူပြီးဆန္ဒပြု၍ စာအိတ်တွင်ထည့်ပြီးမှ မဲပုံး တွင် ထည့်ရန်ဖြစ်သော်လည်း မဲလက်မှတ် စာအုပ်တွင် ဆန္ဒပြုပြီး မဲလက်မှတ်လက်ကျန်များ တွေ့ရှိရသည်မှာ မဲမသမာ မှုများ ဖြစ်နိုင်သည့်အခြေအနေ ဖြစ် သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့အပြင် စစ်ဆေးမှုစာရင်းချုပ်အရ မဲလက်မှတ် ၆၈၀၄ စောင် ပျောက်ဆုံးပြီး မဲလက်မှတ် ၄၈ စောင် အပိုစာရင်းအဖြစ် တွေ့ရှိရကြောင်း၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ် မြေပြင် စစ်ဆေးတွေ့ရှိချက်အရ ကွာခြားချက် အနေဖြင့် ပျောက်ဆုံး ၇၀၂၃ စောင်နှင့် အပို ၄၁၂၅ စောင်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထူးခြားချက်မှာ ပျော်ဘွယ်မြို့ နယ်တွင် မဲလက်မှတ်များ စစ်ဆေးနေစဉ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၂၅ရက်တွင် ဆိတ်ချိုကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ဆွေက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်အတွက် အသုံးမပြုရသေးသော မဲလက်မှတ် တစ် အုပ်စီကိုလည်းကောင်း၊ ၂၇ရက်တွင်ဘုရား ကြီးကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသူရ။ အတွင်းရေးမှူး ဦးသန်းဦးတို့က ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော် အတွက် အသုံးမပြုရသေးသော မဲလက်မှတ်စာအုပ် ၄ အုပ်စီအား လည်းကောင်း၊ ပြည်သူ့ လွှတ်တော်အတွက် အသုံးမပြုရသေးသော မဲလက်မှတ်များအား ဂျန်းတောင် ကျေးရွာအုပ်စုမှ ၁ အုပ်၊ ချောင်းမကြီး ကျေးရွာအုပ်စုမှ ၄ အုပ် ၉ ရွက်၊ ဆည်ရွာလက်ပံကိုင်း ကျေးရွာအုပ်စုမှ ၂ အုပ် ၁၅ ရွက်နှင့် အမည်မမှတ်မိ ကျေးရွာအုပ်စုတို့မှ ၅ အုပ်တို့အား ပျော်ဘွယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်အပ်နှံသည်ကို တွေ့ရှိရ ကြောင်း၊ ဆိုလိုသည်မှာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ အရ ကြိုတင်မဲ လက်မှတ် လက်ကျန်များကို သက်ဆိုင်ရာမဲရုံများသို့ အပ်နှံပြီး မဲရုံပိတ် ချိန်တွင် အလုပ်တွင် ထည့်သွင်းချိပ်ပိတ်ရ မည်ဖြစ်သော်လည်း ဆောင်ရွက်ခြင်းမရှိ သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ တာမွေ မြို့နယ် ပြည်သူ့ လွှတ်တော် ဆန္ဒမဲ လက်မှတ်များ မြေပြင်စစ်ဆေးရာတွင် ထုတ်ယူရရှိ ၁၄ဝ၃၁၄ စောင်၊ အသုံးပြု ၇၈၇၅၈ စောင်၊ ကျန်ရမည့် မဲလက်မှတ် ၆၁၅၅၆ စောင် ဖြစ်သော်လည်း မြေပြင် လက်ကျန် ၅၅၈၀၄ စောင်ဖြစ်ပြီး ကွာခြား ချက်အနေဖြင့် ပျောက်ဆုံး ၁၁၇၄၅ စောင်၊ အပို ၅၉၉၃ စောင်ဖြစ်သည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ ထူးခြားချက်မှာ မဲရုံများတွင် ချိပ်ပိတ်သိမ်းဆည်းအပ်နှံပြီး နောက်ပိုင်းတွင် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူးများ လက်ဝယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသုံးပြုပြီး ဆန္ဒမဲ လက်မှတ်ဖြတ်ပိုင်း ၁၅၃ စောင်နှင့် အသုံး မပြုရသေးသည့် မဲလက်မှတ် ၂၈၄၉နောင်တို့ကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ များက ထပ်မံလာရောက်အပ်နှံသဖြင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲတွင် သီးခြား ထိန်းသိမ်းထားသည့် မဲလက်မှတ်များ အဖြစ် စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ အမရပူရမြို့နယ် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးရာ တွင် ကျန်တန်းရပ်ကွက်၊ မဲရုံအမှတ်(၁) ၏ ပြည်သူ့လွှတ်တော် မဲလက်မှတ်များ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် မဲလက်မှတ် ၄၂၃၁ စောင် ပျောက်ဆုံးနေကြောင်းတွေ့ရှိရပြီး ၎င်းပျောက်ဆုံး ပြည်သူ့ လွှတ်တော်မဲလက်မှတ်အစား အမျိုးသား လွှတ်တော်မဲလက်မှတ်များ ထည့်သွင်း တွက်ချက် ပါက ပျောက်ဆုံးမဲလက်မှတ် ၂၀၈၁ စောင်ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။ တွေ့ဆုံဆွေးနွေး ဆက်လက်တင်ပြလိုသည့် အပိုင်းက တော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နိုင်ငံရေးပါတီ ၅၃ ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေကို တင်ပြသွားမည်ဖြစ်ကြောင်း၊ ၎င်းအစည်း အဝေးမှ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်နိုင်ခဲ့ ပြီး ပြည်တွင်းရွှေ့ ပြောင်းလုပ်သားများ မဲပေးမှုတရားမျှတမှုရှိရေး ဥပဒေမူဘောင် ကိစ္စ၊ ရွေးကောက်ပွဲစနစ်ပြောင်းလဲ ကျင့်သုံးရေးကိစ္စ၊ နိုင်ငံတော်အေးချမ်း တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စ၊ မဲစာရင်းစစ်ဆေးမှု ထုတ်ပြန်ချက်များကိစ္စ၊ မဲစာရင်းပြုစုရာတွင် နိုင်ငံရေး ပါတီများ၊ ကွန်ပျူတာပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ မဲပေးပိုင်ခွင့် ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ရရှိ ရေး၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ထား ရှိရေး၊ ပါတီများနှင့် နှစ်လတစ်ကြိမ်၊ သုံးလ တစ်ကြိမ်တွေ့ဆုံရေး အပါအဝင် ပူးပေါင်း ဆောင်ရွက် ရေးကိစ္စများကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲဆိုင်ရာပြစ်မှု။ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာနမှ ရရှိသော စာရင်းဇယားများအရ သက်ဆိုင်ရာ ရဲစခန်းများသို့ အမှုဖွင့် တိုင်ကြားထားသော အမှုပေါင်း ၅၄၆ မှုရှိကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ စိစစ်တင်ပြချက်များအရ ၅၁၃ မှု ရှိကြောင်း၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ကန့်ကွက်လွှာ အမှုပေါင်း၂၈၇ မှု ရှိပြီး မဲဆန္ဒရှင်များက တင်ပြသည့်အမှု ၉၄ မှု နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များက တင်ပြသည့်အမှု ၁၉၃ မှုတို့ ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော တရားမဲ့ပြုကျင့်မှုများ၊ မသမာမှု များကို တိုင်ကြားနိုင်ကြောင်း ထုတ်ပြန် ချက်အရ _ ဆက်လက်တိုင်ကြားမှုများ လည်းရှိကြောင်း၊ လပွတ္တာမြို့နယ်။ ညောင်လိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကြိုတင်ဆန္ဒမဲလက်မှတ်များ မီးရှို့ သည့် ဖြစ်စဉ်တွင် တာဝန်ရှိသည့်ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအားလည်းကောင်း၊ မတ္တရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ထိန်းသိမ်းထား သော မဲလက်မှတ်စာရင်းများ စစ်ဆေး ချက်အရ မဲဆန္ဒရှင် ၆ ဦးက နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ် မဲပေးကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများအရ အမှုဖွင့် အရေးယူရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစီး သည့် ကော်မရှင် အဖွဲ့ဝင်များ၊ ရုံးအဖွဲ့ ဝန်ထမ်းများသည် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု ခဲ့သည့် မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ ဆန္ဒမဲ လက်မှတ်များကို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး တွေ့ရှိချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မေးမြန်း လိုသည့်မေးခွန်းများကို မီဒီယာတစ်ခု လျှင် နှစ်ခုနှုန်းဖြင့် မေးမြန်းပေးပါရန် ပြောကြားသည်။ ပထမဦးစွာ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်သတင်းဌာနမှ သတင်းထောက် ဦးဥက္ကာက လက်ရှိဖွဲ့စည်းထား သည့် UEC အနေဖြင့် ယခုလို မဲစာရင်းတွေ စိစစ်ဖော်ထုတ်ပြီးသည့်အခါမှာ ပြစ်မှု ထင်ရှားနေသည်ကို တွေ့ရှိရပါကြောင်း၊ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါကြောင်း၊ အရေးယူဆောင်ရွက်မှုအပိုင်းက အချိန်မည်မျှကြာနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အရေးယူဆောင်ရွက်မှု အပိုင်းတွင် ရွေးကောက်ပွဲဥပဒေပါ အခန်း(၁၃)အရ ရဲအရေးပိုင်သည့် အမှုဖြစ်ခြင်းကြောင့် ရဲစခန်းကို တိုင်ကြားရပါကြောင်း၊ ရဲစခန်း က အမှုဖွင့်ပြီးမှသာ စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာနက စာရင်းဇယားများတောင်းခံပြီး တချို့ အမှုများကို ဆောင်ရွက် ပြီးဖြစ်ကြောင်း၊ အချို့ အမှုများကို စိစစ်ဆဲ ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များအနေဖြင့် မည်သည့်အချိန်ပြီးပြတ်မည်ကို မသိရှိ နိုင်သေးကြောင်း၊ အမြန်ဆုံး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။ မြန်မာနေရှင်နယ်ပို့စ် သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်အနေဖြင့် မဲမသမာမှုအခြေအနေ များ ထုတ်ပြန်လျက်ရှိပြီး တပ်မတော် အစိုးရ၏ ယခင်ကထုတ်ပြန်ခဲ့သည့် မဲမသမာမှုများကို လက်မခံဘဲ ပြည်သူ လူထုကလည်း ဆန္ဒပြနေကြောင်း၊ မဲမသမာမှုကို သံသယဖြစ်နေသည့် ပြည်သူ လူထုကို ဆရာအနေဖြင့် မည်ကဲ့သို့ msage သတင်းစကားပေးလိုကြောင်း မေးမြန်းသည်။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စိစစ် တွေ့ရှိချက်များကို သက်သေအဖြစ် ပြသ နိုင်ကြောင်း၊ မဲစာရင်းများနှင့် မဲလက်မှတ် များသည် အမှန်တကယ်တွေ့ရှိရသည့် ဖြစ်စဉ်အမှန်များဖြစ်ပါကြောင်း၊ ထုတ်ပြန် ချက်များကိုလည်း ယုံကြည်စေချင်ပါကြောင်း၊ လာရောက်၍ လေ့လာနိုင်ပါကြောင်း၊ တိတိကျကျ သေသေချာချာ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။ Skynet သတင်းဌာနမှ သတင်း | ထောက် ဦးမင်းဇင်ထက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်အနေဖြင့် မဲစာရင်းများကို စိစစ် ထားပြီး ထုတ်ပြန်ထားခြင်းများ တွေ့ရှိ ရပါကြောင်း UN အာဆီယံနှင့်ဘက်မလိုက် သော အဖွဲ့ အစည်းများ ဖိတ်ခေါ်ပြီး မဲစာရင်းများကို စိစစ်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါသလားဟု မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဘက်မလိုက်သော အဖွဲ့အစည်းများဖြင့် စစ်ဆေးခံရန် လက်တလော အစီအစဉ် မရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်၏ဥပဒေပုဒ်မ-၅၃ အရအငြင်း ပွားဖွယ်၊ ပြဿနာဖြစ်ဖွယ်ရာ စာရင်းဇယား များကို တောင်းယူပြီး ကြည့်ရှုစစ်ဆေး နိုင်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ပြီး လိုအပ်သလိုဆုံးဖြတ်နိုင်ကြောင်း၊ ယခု UEC မှာလည်း အများယုံကြည်ရသော ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များလည်းပါဝင်ပြီး အားလုံးပူးပေါင်းထား သည့် အဖွဲ့အစည်းဖြစ်သဖြင့် လုံလောက် ပါကြောင်း ပြန်လည်ဖြေကြားသည်။ ဆက်လက်၍ Skynet သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက်က UEC ( အသစ်အနေဖြင့် မဲစာရင်းများကို မြို့နယ်အလိုက် ရပ်ကွက်တစ်ခုလျှင် ၁ ဦး ( သို့မဟုတ် ၂ ဦး၊ မြို့နယ်အလိုက် ၁၀ ရပ်ကွက် ၂ဝ ဦး ဖွဲ့စည်းပြီး မြို့နယ်အလိုက် မဲစာရင်းများကိုကပ်ပြီး ပြည်သူလူထုက မျက်မြင်ကြည့်ရှုပြီး မဲစာရင်းမရှင်းလင်း ခြင်းများကို မေးမြန်းမည်ဆိုပါက ခွင့်ပြု ပေးနိုင်ခြင်း ရှိ/မရှိကို သိလိုကြောင်း မေးမြန်းသည်။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက စိစစ် ထားသည့်မဲစာရင်း ဇယားအသေးစိတ် မိမိတို့တွင် ရှိပါကြောင်း၊ လတ်တလော မေးမြန်းလာပါက ဖြေကြား နိုင်ပါကြောင်း၊ မြို့နယ်အလိုက် မဲစာရင်းများကို စိစစ်ပြီးပါက မဲစာရင်းများကိုဖြန့်ဝေပြီး မြို့နယ် အလိုက် ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ရွေးကောက်ပွဲစနစ်ပြောင်းလဲမည့် ကိစ္စသည် PR စနစ်ကို အသုံးပြုသွားမည် ဟုတ်/မဟုတ် သိလိုကြောင်း မေးမြန်းသည်။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး သည့်အခါ ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်သည့် PR စနစ်(အချိုးကျကိုယ်စားပြုစနှစ်) ကို သင့်လျော်သည့် လွှတ်တော် ရွေးကောက် ပွဲများတွင် အသုံးပြုသင့်သည်ကို အကြံပြု ချက်များရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အချိန်လိုအပ်သလို ဥပဒေဘောင်အရလည်း လိုအပ်မည်ဖြစ်ကြောင်း၊ ဒါပေမယ့် ပြင်ဆင်မှုလည်း လိုအပ်မည်ဖြစ် ပါကြောင်း၊ သို့သော်လည်း လုပ်နိုင်ခြေရှိ။ မရှိဆောင်ရွက်နိုင် မည့် အနေအထားကို သုံးသပ်နိုင်ဖို့ အတွက် ပါတီများကိုလည်း စာတမ်းများ ပြုစုခိုင်း ထားကြောင်း၊ စာတမ်းများပြုစုပြီးပါက နောက်တစ်ကြိမ် တွေ့ဆုံပြီး ဆွေးနွေးနိုင်အောင် စီစဉ်ထား ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် PR စနစ်နှင့်ပတ်သက် ၍ ဖြစ်နိုင်ခြေကို လေ့လာသုံးသပ်နေပါကြောင်း၊ မိမိတို့အနေနှင့် ဆောင်ရွက်နေမှု အခြေအနေ ကိုသာ ပြောနိုင်ပါကြောင်း၊ဆောင်ရွက်ဖြစ်၊ မဖြစ်ကို လက်ရှိအခြေ အနေအရ မပြောနိုင် သေးပါကြောင်း ပြန်လည်ဖြေကြားသည်။ ။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက တကယ်လို့ ရွေးကောက်ပွဲပြန်လည် ကျင်းပဖြစ်ရင် ဒီစနစ်ကိုကျင့်သုံးမယ်လို့ ဆုံးဖြတ်ထားပါသလား သိလိုကြောင်း မေးမြန်းသည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက တကယ်လို့ ရွေးကောက် ပွဲပြန်လည် ကျင်းပဖြစ်ရင် ဒီစနစ်ကိုကျင့်သုံးမယ်လို့ ဆုံးဖြတ်ထားပါသလား သိလိုကြောင်း မေးမြန်းသည်။ ။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ကျွန်တော်တို့ အဲ့လိုတော့ မဆုံးဖြတ်ရသေးပါဘူးဟု ဖြေကြား သည်။ People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က ပထမတစ်ခုမေး ချင်တာက၊ လွှတ်တော် သက်တမ်းနှစ်ခုမှာ ကြန့်ကြာနေသော ရေးဆွဲပြီးသားဖြစ်သော Right to Recall Law ကို ခုအချိန်အထိ မပြဋ္ဌာန်းနိုင်ဘူး။ ဒါနဲ့ ပတ်သက်ပြီး UEC အနေနဲ့ရော ဘယ်လိုဆက်လုပ်သွားဖို့အစီအစဉ်ရှိလဲ။ တကယ်လို့ PR စနစ်ကျင့်သုံး Right to Recall Law ဥပဒေအရ ရှိမှကိုဖြစ်မယ့် ( ဥပဒေတစ်ရပ်ဖြစ်နေတော့ ဒါနဲ့ပတ်သက်လို့ UEC အနေနဲ့ ဘယ်လိုသဘောထား ရှိပါလဲ သိလိုကြောင်း မေးမြန်းသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက Right to Recall Lawm goscopios ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ လွှတ်တော် တွင် ဆွေးနွေးပြီးကာမှ ဆုံးဖြတ်ရမည့် အစီအစဉ်များကို ဆောင်ရွက်နိုင်စေချင် တာ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်လွှတ်တော် ကတည်းက ပို့ပြီးသားဖြစ်ပါကြောင်း၊ လိုအပ်ရင် ပြဋ္ဌာန်းနိုင်ခြင်းကိစ္စကို ဆက်လက်ပြီး စီစဉ်ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။ People Media သတင်းဌာနမှ သတင်းထောက် ဦးပြည့်ဖြိုးအောင်က PR စနစ်က ပြီးခဲ့တဲ့ပထမအကြိမ်လွှတ်တော် သက်တမ်းမှာကတည်းက လေ့လာမှု မှတ်တမ်းတွေရှိသည့် အတွက် အခါဒါနဲ့ ပတ်သက်လို့ ဆရာတို့အနေနဲ့ တကယ် တမ်း ကျင့်သုံးမယ်ဆိုရင် ကျင့်သုံးနိုင်မယ့် အခြေအနေတစ်ရပ်ရှိတယ်။ တချို့ တွေ သုတေသနစာတမ်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ပို့ထားတာ ရှိတယ်လို့ ကြားသိရတဲ့အခါကြတော့ ဒါနဲ့ပတ်သက် လို့ ဘာမှတ်ချက်ပေးလို့ရမလဲ သိချင် ကြောင်း မေးမြန်းသည်။ ။ ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်နဲ့ပတ်သက်၍ မည်သည့်လွှတ်တော်တွင် ကျင့်သုံးလျှင် သင့်တော်မလဲ။ PR စနစ် အမျိုးမျိုးရှိသဖြင့် မည်သည့် PR စနစ်ကို ကျင့်သုံးမလဲ။ ယခင်မှတ်တမ်းတွေရှိပါကြောင်း၊ သို့သော် လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးသည့်အခါ၌ ဆွေးနွေးဖို့ရှိပါကြောင်း၊ သို့သော် ပထမဦးစားပေးအနေ နှင့် မဲစာရင်းများစစ်ဆေးခြင်း၊ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် နေသည့်အတွက် တစ်ခါတည်း အပြတ် မပြောနိုင်သေးပါကြောင်း ပြန်လည်ကြားသည်။ ရဲရဲတောက်ဂျာနယ် အယ်ဒီတာချုပ် ဦးနေလင်းက UEC အနေနှင့် ဗဟိုမှာ ဖွဲ့စည်းထား တာမှန်ပါတယ်။ ဒီကနေ့ UEC ဗဟိုကရှင်းလင်းတဲ့ ရှင်းလင်းချက်တွေမှာ သတင်းစာတွေမှာရော၊ ခုလိုသတင်းစာ ရှင်းလင်းပွဲတွေမှာ ပါပါတယ်။ ဒါပေမယ့် အောက်ခြေမှာ မသိပါဘူး။ အဲ့တော့ UEC အနေနှင့် မြို့နယ်ကျေးရွာ၊ ရပ်ကျေး၊ ရွေးကောက်ပွဲကော်မရှင်အသစ် တွေ ဖွဲ့စည်းဖို့ အစီအစဉ်ရှိပါသလား သိလို ကြောင်း မေးမြန်းသည်။ ဖွဲ့စည်းဆောင်ရွက်သွားမည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့် ဆင့်ကို အသစ်ဖွဲ့စည်းရန် ရည်မှန်းချက် တွေ့ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများလည်း ဆောင်ရွက်ရန်ရှိပါကြောင်း၊ မဲစာရင်း စိစစ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေသဖြင့် ပြီးပါက လိုအပ်သလိုဆက်ပြီး ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား သည်။ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်း ဦးက ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအရမ်းများနေတဲ့အတွက်ကြောင့် ဒီလို မဲစာရင်းမှားယွင်းမှုတွေဖြစ်ခဲ့တဲ့ အဓိကအကြောင်းအရင်းတွေ၊ နစက က နောင်တစ်ချိန်မှာ ပြန်လည်ကျင်းပပေး မယ့် ရွေးကောက်ပွဲမှာ ခုလိုမျိုးမှားယွင်းမှုတွေကို ရှောင်ရှားပြီးတော့ အကောင်းဆုံး ဖြစ်သွားနိုင်အောင် ဘယ်လိုဆောင်ရွက် မလဲဆိုတာမေးလိုပါကြောင်း မေးမြန်း သည်။ မှားယွင်းမှု တော်တော်များ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပထမပိုင်း ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မဲစာရင်းမှားယွင်းမှု တော်တော်များတာ ကိုတွေ့ရပါကြောင်း၊ ဒီလိုဖြစ်ခဲ့သည့် အကြောင်းအရင်းများကို လေ့လာသည့်အခါတွင် အကြောင်းများက အများကြီး တွေ့ရပါကြောင်း၊ သို့သော်လည်း အကျဉ်း ချုပ်ပြီး တင်ပြရမည်ဆိုပါက အခြေခံ မဲစာရင်းများ ကောက်ယူပါကြောင်း၊ ကောက်သည့် အခြေအနေတွင် UEC နှင့် တခြားသက်ဆိုင်သည့်အဖွဲ့ အစည်းများ၊ ရပ်/ကျေး၊ ထွေအုပ်နှင့် လဝကတို့ ပူးပေါင်းဆောင်ရွက်ရတာရှိပါကြောင်း၊ ဆောင်ရွက် သည့်လုပ်ငန်းစဉ်တစ်စုံတစ်ရာ အားနည်းချက်များရှိပါကြောင်း၊ စာရင်းကောက် သည့်အခါတွင် (ရှိ၊ ကောက်) ရှိသည့်လူကို ကောက်သည်ဆိုသော စနစ်နှင့်လုပ်ခဲ့ပါကြောင်း၊ နောက်ပြီး မရှိသည့်သူများကို မှတ်ထားပြီး နောက်တစ်ကြိမ်ထပ်ကောက် ရာတွင် စိုးရိမ်မှုတွေလွန်ကဲပြီး ရှိသည့်လူတွေကိုပါ ထပ်ကောက် ပါကြောင်း၊ အိမ်ထောင်စုစာရင်း ၆၆/၆ အရ ရှိသည့် သူတွေကို ထည့်လိုက်သည့်အခါမှာ မဲစာရင်းတွေက ပိုပြီးတော့ပွားသွားတာ ဖြစ်ပါကြောင်း၊ နောက်တစ်ခါနေအိမ်မှာ ရှိသည့်သူ တွေက ပြောတာကို စာရင်း ဇယား အခြေမခံဘဲကောက်သည့်အတွက် အရေအတွက် များ၊ ကိန်းဂဏန်းများတော်တော်မှားပါကြောင်း၊ ပထမအကြိမ် မဲစာရင်း ကပ်သည့်အခါတွင် အရေအတွက် တော်တော်မှားပါကြောင်း၊ ရှိသည့်သူကို ကောက်သည် ဆိုသောစနစ်ဖြင့် လုပ်ခဲ့မှု ကြောင့်ဖြစ်ကြောင်း၊ နောက်မရှိသည့်သူ ကို မှတ်ထားခြင်းဖြစ်ကြောင်း၊ ပြီးမှ သူတို့ ကို စာရင်းမှာပါအောင် လုပ်ရပါကြောင်း၊ ပုံစံ ၆၆ ရှိသည့်သူများကို ထပ်ကောက် သည့်အခါမှာ မဲစာရင်းများကို ပိုပြီးတော့ အဆမတန် ပွားလာခြင်းဖြစ်ပါကြောင်း၊ နယ်များတွင်ရှိသည့်သူများ ကို စာရင်း ဇယားအခြေမခံဘဲ ကောက်သည့်အတွက် အရေအတွက်၊ ကိန်းဂဏန်းများ တော်တော် မှားပါကြောင်း၊ ပထမအကြိမ် မဲစာရင်း ကပ်သည့်အခါတွင် မဲစာရင်းများ မှားယွင်း မှုရှိသည့်အတွက် ပြည်ထောင်စုအစိုးရက အဖွဲ့တစ်ဖွဲ့ ဖွဲ့ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ သည် အဖွဲ့ခေါင်းဆောင်၊ အများအားဖြင့် လူမှုရေး ဝန်ကြီးများက အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌက အဖွဲ့ဝင်၊ ထွေအုပ် အကြီးအကဲ၊ လဝကအကြီးအကဲများနှင့် မဲစာရင်းများကို မှန်ကန်ရန်အတွက် အဖွဲ့ဖွဲ့ပြီး တာဝန်ပေးလိုက်ပါကြောင်း၊ အဆိုပါအဖွဲ့ကလည်း မဲစာရင်းများကို မှန်ကန်အောင် ထပ်ထည့်ရန်လိုသည်ဟု စာရင်းများပေးပို့ပါကြောင်း၊ ထို့ကြောင့်ထပ်ထည့်လိုက်သည့်အခါ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်လို့ ပွားတယ်လို့ နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိရကြောင်း၊ ဒါဟာ အစုလိုက်အပြုံလိုက် ကြံစည်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ခရိုင်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများက ၇ ရက်အတွင်း မှာ ဖြည့်စွက်ပြီး မဲစာရင်းများ ထည့်ပေး ခွင့်ရှိသည်ဟု ရှိပါကြောင်း၊ ၎င်းအခွင့် အရေးရပြီး တကယ့်မဲဆန္ဒရှင် ဆန္ဒမဲပေး ပိုင်ခွင့်မဆုံးရှုံးစေရန်ဆိုပြီး ထည့်ခိုင်းထား သည်များပါကြောင်း၊ ထို့ကြောင့် မဲလက်မှတ်များ မလုံလောက်ဘဲ ထပ်ရိုက် ရသည်များ ရှိခဲ့ကြောင်း၊ ဒါတွေကြောင့် မဲစာရင်းများပိုပြီး မှားယွင်းပြီး ပိုပြီး ထပ်ရခြင်းဖြစ်ကြောင်း၊ Covid-19 ရောဂါကြောင့် ဖြေလျှော့ဆောင်ရွက်မှုများ ရှိကြောင်း၊ ရက် ၉၀ ထက်မနည်း မဲဆန္ဒ ပြင်ပရောက်ရှိသူသည် ပုံစံ(က)နှင့်လျှောက်ရပါကြောင်း၊ ၃(က)ဖြင့် သက်ဆိုင်ရာ မဲစာရင်းကို ထည့်သွင်း သည့်အခါတွင် ၃(ခ)ဖြင့် သက်ဆိုင်ရာ မဲစာရင်း ကိုဖြည့်ရကြောင်း၊ ဒါတွေကို အချိန်မီ မဆောင်ရွက်သည့်အခါတွင် လျှောက်သည့်နေရာတွင် လည်းပါကြောင်း၊ မူလနေရာတွင်လည်း မတ်ထားခြင်းကြောင့် မဲစာရင်းများထပ်နေကြောင်း၊ အကြောင်းအချင်းအရာ အများကြီးဖြစ်ကြောင်း၊ နောင်တွင် မဲစာရင်းများ ဖောင်းပွ မှုမရှိစေရန်အတွက် ပါတီများနှင့်တွေ့သည့် အခါတွင်လည်း ဆွေးနွေးခဲ့ပါကြောင်း၊ မဲစာရင်းမမှားအောင် ဘယ်လိုလုပ်မလဲ။ အဲလိုလုပ်သည့်အခါမှာ မှတ်ပုံတင်ရှိသည့် သူသာ မဲပေးလို့ရအောင်၊ မှတ်ပုံတင်ရရှိအောင်၊ အိမ်ထောင်စုစာရင်းရရှိအောင်၊ အိမ်ထောင်စုမရှိဘဲနှင့် ရက် ၉၀ တို့၊ ရက် ၁၉ဝ တို့နှင့် ပေးလိုက်သည့်အခါတွင် လည်း ထပ်တာတွေရှိ ကြောင်း၊ ဒီဥပဒေ | ကိုလည်း လိုအပ်လျှင် ပြင်ဆင်ဖို့ ဆွေးနွေး ခဲ့တာရှိကြောင်း၊ နောက် မဲစာရင်း ထည့်သည့်အခါ အိမ်ထောင်စုပုံစံ(၆၆/၆) တွင် ထည့်ပြီးမှသာ မဲစာရင်းမှာထည့်ရန် ဆွေးနွေးခဲ့ပါကြောင်း၊ အကောင်းဆုံး နည်းလမ်းနှင့် အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်သွားဦးမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ ထာဝရငြိမ်းချမ်းရေး သတင်း ကွန်ရက်မှ သတင်းထောက် ဦးဥက္ကာက ထုတ်ပြန်ကြေညာချက်များနှင့် ပတ်သက် ပြီး ပြည်သူလူထုက ပြောနေသည်မှာ ပြီးခဲ့ သည့် UEC အဟောင်းကလူများကို ဖမ်းထားပြီး အတင်းအကြပ် ထွက်ဆိုခိုင်း မှုများရှိသည်ဟု ပြောဆိုမှုများရှိကြောင်း၊ ထိုအပေါ်တွင် မည်သို့ရှင်းပြပေးနိုင်မည် လည်း မေးမြန်းသည်။ ရှင်းလင်းတင်ပြ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ထိုကိစ္စနှင့်ပတ်သက်ပြီး မဟုတ်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် စစ်ဆေး ရာတွင် တချို့ UEC အဖွဲ့ဝင်ဟောင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ရုံးအဆင့် ဆင့်က ရုံးဝန်ထမ်းများကို လိုအပ်ချက်အရ ခေါ်ယူပြီး မေးမြန်းစစ်ဆေးမှုများရှိကြောင်း၊ ရိပ်သာများတွင် ကောင်းကောင်း မွန်မွန်ထားရှိ စစ်ဆေးတာဖြစ်ပါကြောင်း၊ အပြောင်းအလဲများ၊ ပြဿနာများရှိမည် စိုး၍မဲစာရင်းများကိုင်တွယ်ခဲ့သူများဖြစ်၍ ခေါ်ယူစစ်ဆေးတာဖြစ်ကြောင်း၊ သွားစစ် သည့် အချိန်မှာ အားလုံးကိုခေါ်ပြီး အတူတူ စစ်ဆေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ မှတ်တမ်းမှတ်ရာများတွင် အားလုံး လက်မှတ်ထိုးထားကြောင်း၊ အားလုံး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အကြောင်းကို သက်သေ အထောက်အထားများကအစ ပြည့်ပြည့် စုံစုံရှိကြောင်း ရှင်းလင်းဖြေကြား သည်။ ဆက်လက်၍ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်မှ သတင်းထောက် ဦးဥက္ကာက ရရှိလာသည့် သက်သေ အထောက်အထားများကို လိုအပ်လာပါ က ထုတ်ပြပေးနိုင်သည့် အစီအစဉ်မျိုး ရှိပါသလားမေးမြန်းသည်။ ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိ တို့တွင် မှတ်တမ်းမှတ်ရာ အပြည့်အစုံရှိ ပါကြောင်းဖြင့် ဖြေကြားသည်။ (ဆက်လက်ဖော်ပြပါမည်)