နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ ယုဇန လမ်းသွယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက လူစုလူဝေးပြုလုပ်ကာ လမ်းအချို့အား အကာအရံ အတားအဆီးများဖြင့် ပိတ်ဆို့ခြင်း၊ ပလပ်စတစ် ပုံးကြီးများကို ထက်ခြမ်းခြမ်း၍ ရဲတပ်ဖွဲ့သုံး (ဒိုင်း)ကြီးများသဖွယ်ပြုလုပ်၍ တုတ်/ ဓား ကိုင်ဆောင်ထား သူ ၂၅၀ ကျော်ခန့်မှာ ထိုင်သပိတ်ပြုလုပ်၍ ကြွေးကြော်သံများဖြင့် အော်ဟစ်ဆူပူ လူစုလူဝေး ပြုလုပ်နေကြောင်း သိရသည်။
သတင်းရရှိလျှင်ရရှိချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး အဆိုပါ နေရာသို့ သွားရောက်ခဲ့ရာ တပ်ဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ လောက်လေးဂွများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံးအသုံးပြု၍ (.၁၂) ဗို့ ဖြင့် အသံပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့သည်။
ဖော်ပြပါဖြစ်စဉ်တွင် ပါဝင်ဆူပူအော်ဟစ်လှုပ်ရှားသူ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၂၅) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)