Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် China Central Television (CCTV) သတင်းဌာနမှ Chief Correspondent ဖြစ်သူ Mr. Wang Yu အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် China Central Television (CCTV) သတင်းဌာနမှ Chief Correspondent ဖြစ်သူ Mr. Wang Yu အား ယနေ့ မွန်းလွဲ (၂) နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာကဏ္ဍ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာ-တရုတ် ခရီးသွားနှစ်ဆိုင်ရာအစီအစဉ်များ အပြန်အလှန်ထုတ်လွှင့်ပြသမည့် အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ကြ သည်။ (သတင်းစဉ်)