နေပြည်တော် ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်း၊ အောင်ဇေရန်အောင်တပ်ဦး ကျောင်းနှင့် တောင်တန်းသာသနာပြု ကျောင်းတိုက်များသို့ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ယနေ့တို့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ကျောင်းထိုင်ဆရာတော် များအား ဖူးမြော်သည်။ ။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ က အဆိုပါ ကျောင်းတိုက်များရှိ ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ထို့နောက် ကျောင်းတိုက်အတွင်းရှိ သံဃာတော်များအား တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်