Skip to main content

ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံးက အခမဲ့ဆေးခန်းဖွင့်လှစ်၍ ဒေသခံပြည် သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီ ရေးအသင်းရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်နာမကျန်း သက်ကြီးဘိုးဘွားများ အဆင်ပြေစွာဆေးဝါးကုသနိုင်ရေးအတွက်စေတနာ့ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် အခမဲ့ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

ဆေးကုသပေး ထိုသို့ ဒေသခံပြည်သူများနှင့် သက်ကြီးဘိုးဘွားများ ကျန်းမာရေး ဆေးကုသမှုများ အခက်အခဲ မဖြစ် စေရန်နှင့်အဆင်ပြေစွာ ဆေးဝါးကုသ နိုင်ရေးအတွက် အခမဲ့ဆေးခန်းအား နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်၍လိုအပ်သော ကျန်းမာရေး ဆေးကုသမှုများ ဆောင်ရွက် ပေးနေကြောင်းသိရကာ စေတနာ့ ဆရာဝန်ရှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၆ ဦး တို့က ဆေးခန်းသို့ လာရောက် ပြသသော လူနာများအား မြို့နယ် သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီ ရေး အသင်းရုံး၏ ဦးဆောင်မှုဖြင့် အခမဲ့ ဆေးဝါးကုသမှုများ ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဆက်သွယ်လှူဒါန်းနိုင်

မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် သက်ကြီးဘိုးဘွားများ ကျန်းမာရေး ဆေးကုသခြင်းများ အခက်အခဲ မဖြစ်စေရန်နှင့် အဆင်ပြေ စွာ ဆေးဝါးကုသပေးနိုင်ရေးအတွက် ရပ်ဝေးရပ်နီးမှစေတနာရှင်ပြည်သူများ အနေဖြင့် လိုအပ်သော ကျန်းမာရေး သုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်း များ ထောက်ပံ့လှူဒါန်းပေးလိုပါက ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင် များ နာမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝမ်း၊ ဖုန်း - ၀၉၇၅၂၆၄၆၁ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရ သည်။

ရဲဝင်းနိုင် (ပြန်/ဆက်)