Skip to main content

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လတ်တလော ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လတ်တလော ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ကူညီပံ့ပိုးဆောင်ရွက် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ရှိတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း များအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ဝင်ရောက်လာသည့်ဝန်ထမ်းများ အဆင်ပြေစေ ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက် ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွင် ကာကွယ် ဆေးထိုးနှံခြင်း သည် အဓိကအရေးပါသည့် လုပ်ငန်းစဉ်ဖြစ် သည့်အတွက် ကာကွယ်ဆေးများထိုးနှံနိုင်ရေးကို မူလက စီစဉ်ထားသည့် အတိုင်း ဆောင်ရွက်နိုင်ရေး၊ ကာကွယ်ဆေး များကို စနစ်တကျ သိုလှောင်ထားရှိနိုင်ရေး၊ စနစ်တကျ ဖြန့်ဖြူး သွားနိုင်ရေး စသည်တို့ ကြပ်မတ်ဆောင်ရွက်သွား စေလိုကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး မှုပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့်အားနည်းလျက်ရှိရာ ပုံမှန်အတိုင်း စစ်ဆေးပေးနိုင်မှုများ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးကုသရေး ဦးစီးဌာနမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွားစေလိုပါ ကြောင်း။

ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို အချိန်နှင့်တစ်ပြေးညီ ကုသမှု များပေးနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်စေလိုပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေး တိုပုဂ္ဂလိကကဏ္ဍမှဝယ်ယူတင်သွင်းနိုင်ရေး အတွက်အစား အသောက် နှင့်ဆေးဝါး ဘွပ်ကဲရေးဦးစီးဌာနမှ တင်သွင်းခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြု နိုင်ရေး အမြန်ဆုံး ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ပြန်လည်ဆွေးနွေး

ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးသည်။  အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်