Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာ ရေးဆိုင်ရာများဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထား ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် တပ်မတော် အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ ထုတ်ပြန်၍  တာဝန်ရှိသူအဆင့်ဆင့်ဖြေရှင်းပေးနိုင်ရေး လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေ များနှင့်အညီ ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဖေဖော်ဝါရီ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာကာ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်ကို တပ်မတော်က လွှဲပြောင်းတာဝန်ယူ ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ထိုသို့တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းသည် စစ်မှန်ပြီး တရား မျှတသည့်ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတွင် လမ်းကြောင်းလွဲမှားမှုမရှိ စေရေး ထိန်းသိမ်းပေးခြင်းသာဖြစ်သည့် အခြေအနေများ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူလူထုသို့ရှင်းလင်းတင်ပြခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင် ရာတွင် ရှေ့လုပ်ငန်းစဉ် ရပ် ချမှတ်ပြီး ရည်မှန်းချက်ထားဆောင်ရွက်သွား မည့် အခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်းများမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘဏ်များ အသင်းနာယက၊ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ၍  နိုင်ငံတော်၏အခြေအနေအရပ်ရပ်အားအဖက်ဖက်မှ ပြန်လည်တိုးတက်ကောင်းမွန် စေရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များထုတ်ပြန်၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုပေး ခဲ့သည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ဆေးရောက်ရှိမှုနှင့် ကာကွယ် ဆေးထိုးနှံဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆေးဝါးတင်သွင်းခွင့်များကိုလည်း သတ်မှတ်ချက်များနှင့်အညီခွင့်ပြုပေးထားသည့် အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်သည့် တိုင်းရင်းသား ပြည်သူများ အား တပ်မတော်ဆေးရုံများတွင် ဆေးဝါးကုသပေးထားမှု အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ဖူးမြော်ခွင့်ယာယီရပ်ဆိုင်းထားသည့် နိုင်ငံ တစ်ဝှမ်းမှ ဘုရားစေတီပုထိုးများအား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး တပ်မတော်သားများက ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အခြေအနေများနှင့် မိဘပြည်သူများအနေ ဖြင့် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလိုက် ဘုရားဝတ်ပြုခြင်း၊ ကောင်းမှု ကုသိုလ်ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖေဖော်ဝါရီ ရက်မှစ၍ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြုပေးခဲ့သည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်းသွားလာမှုကန့်သတ်ချက် များကြောင့် ဒေသခံပြည်သူလူထု၏စားရေးအခက်အခဲဖြစ်ပေါ်မှုမရှိစေရန် တပ်မတော်မှ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းလျက်ရှိသည့် အခြေအနေများ။

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှု များ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက် ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာနိုင်သဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ဦး သို့မဟုတ် ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားရှိသော် လည်း  နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ မြစ်ကြီးနားမြို့နှင့် ပုသိမ်မြို့တို့တွင် ဆူပူဆန္ဒပြသူများက ဆူပူမှုမဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေးအသင်းများမှ မော်တော်ယာဉ်များ၊ ယာဉ်မောင်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည့် အခြေအနေများ၊  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည့် အခြေအနေ များ၊အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေ ကြသည့် နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးကြေညာချက်များ ထုတ်ပြန်ဆောင်ရွက် ခဲ့သည့်အခြေအနေများကို PowerPoint Presentation များ၊ Video Clip များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက် များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်း  သတင်းရရှိသည်။

ref; တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့