နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော လမ်းညွှန် ချက် များနှင့်အညီ ဌာနအလိုက် ရည်မှန်းချက်များကို အရှိန်အဟုန်မပြတ် အောင်မြင်အောင် ဆက်လက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ကပ်ရောဂါ အခြေအနေအရ ဝန်ထမ်းများရွေးချယ်ခြင်း၊ လေ့ကျင့် သင်တန်း ပေးခြင်း၊ လုပ်ငန်းစဉ် အချို့ ဆိုင်းငံ့ ထားရသည်ကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်၊ ထိုသို့ဆောင်ရွက် ရာတွင် မှန်မှန်နှင့် စနစ်တကျရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်း များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လုပ်ငန်း စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲ ရှိပါက အချိန်နှင့်တပြေးညီ တင်ပြ၍ နှောင့်နှေး မှု မရှိအောင် ဆောင်ရွက် ကြရန်နှင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ကျေပွန်အောင် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရှေ့ဆက် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အဖွဲ့ဥက္ကဋ္ဌက လိုအပ် သည်များကို မှာကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစစ်အေး၊ ဦးတင်ဦး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်နှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ တက်ရောက်ကြပြီး အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
(သတင်းစဉ်)