Skip to main content

ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တညင်းကုန်းရပ်ကွက်၊ ဘုံရှည်ကုန်းကျေးရွာ၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက်နှင့် အမှတ်(၂၁)ရပ်ကွက် တို့ရှိ အိမ်ထောင်စု ၆၀၁၈ စုတို့အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ရှိ အိမ်ထောင်စု ၃၀၀ အတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ဘီစကစ်များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်