နေပြည်တော် ဖေဖော်ဝါရီ ၁၀
ကယားပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ မြို့ လယ်မီးပွိုင့်အနီး၊ ဆူပူဆန္ဒပြနေသည့်နေရာသို့ နံနက် ၁၀ နာရီခန့်တွင် ရဲယူနီဖောင်း အပြည့်အစုံ ဝတ်ထားသူ ၂၀ ဦးခန့် မော်တော်ယာဉ် ၂ စီးဖြင့် လာရောက်၍ ဟောပြောနေသည့် ပုံစံများ၊ ဆန္ဒ ဖော်ထုတ်သည့်ပုံစံများဖြင့် မှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ် ခဲ့ကြပြီးနောက် ၁၀ နာရီခွဲခန့်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရဲတပ်ဖွဲ့၏ ယူနီဖောင်း ဝတ်ဆင်ထားသူများမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက်ဒေသ အတွင်း၌သာ တာဝန်ထမ်းဆောင် စေရန် စုဖွဲ့ခန့်အပ်ထားသူများသာဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှုမရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆောင်ရွက်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေမှုများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု အထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကို လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်