နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
COVID-19 ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား၊ စေတီပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ဖူးမြော်ခွင့်ပြုခဲ့သည်။
ထိုသို့ အများပြည်သူဖူးမြော်နိုင်ရေး ခွင့်ပြုပေးခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ ရှိရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်စေတီတော် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (ယာပုံ) တို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော် ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ သည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ်ယူလျက်ရှိကြကြောင်း သိရသည်။
သတင်းစဉ်