Skip to main content

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အင်းဝဘဏ်လီမိတက်၏ ဘဏ်ခွဲ (၆၈) ဘဏ်မြောက် မြို့သာဘဏ်ခွဲဖွင့်လှစ်

နေပြည်တော်  ဖေဖော်ဝါရီ  ၉

(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အင်းဝဘဏ် လီမိတက် မြို့သာ ဘဏ်ခွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ဘဏ်ခွဲပရဝဏ်တွင် ကျင်းပသည်။

ရှေးဦးစွာ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့သာစက်မှုဇုန်ဥက္ကဋ္ဌ၊ အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာနှင့် တာဝန်ရှိသူများ က နံနက် ၉ နာရီ ၅ မိနစ်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးက အင်းဝဘဏ်လီမိတက်၊ မြို့သာဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ဘဏ်ခွဲကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာ တို့ အမွှေးနံ့သရည်များဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက် တက်ရောက်လာသော ဧည့်သည်တော်များသည် ဘဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။

ယနေ့ဖွင့်လှစ်လိုက်သော အင်းဝ ဘဏ်လီမိတက် မြို့သာဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၈) ဘဏ်မြောက် ဘဏ်ခွဲဖြစ်သည်။

အင်းဝဘဏ်လီမိတက်အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ် အပ်ငွေအပေါ် အတိုးနှုန်း ၆ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေအပေါ် ငွေစုဆောင်း သူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလအပိုင်း အခြးအလိုက်မူတည်၍ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း  မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိကာ ယခုမြို့သဘဏ်ခွဲသည် အင်းဝ ဘဏ်လီမိတက်၏ (၆၈)ဘဏ်မြောက် ဘဏ်ခွဲဖြစ်ကြောင်း သိရသည်။

သတင်းစဉ်