Skip to main content

မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာဆုပေးအပ်ပွဲကျင်းပ

ဆီဆိုင်  ဖေဖော်ဝါရီ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စံပြကျေးရွာ ဆုပေးအပ်ပွဲကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ယနေ့တွင် ကျင်းပကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာကော်မတီဝင်များက စီမံကိန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များအား ဆွေးနွေးတင်ပြကြပြီး ဆီဆိုင်မြို့နယ် အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်းများအနက် စွမ်းစွမ်းတမံ ဆောင်ရွက်သော စံပြမြစိမ်းရောင် ကျေးရွာသုံးရွာအား မြို့နယ်မှ တာဝန်ရှိသူများ က ဆုများပေးအပ်သည်။

ဆီဆိုင်မြို့နယ်၌ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ ယူနစ် ၄၇ ဖြင့် ကျေးရွာပေါင်း ၆၆ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)